သို့ဖြင့် ဂျွန်ဂျောင်းဂုသည် သူ့ဆီမှ ကတိစကားရသည်နှင့် နှုတ်ဆက်ကာ ပြန်သွားလေတော့သည် ။ သူတစ်ယောက်တည်းသာ ဆက်လက်အိပ်မပျော်နိုင်တော့ဘဲ အတွေးများလျက် ကျန်ခဲ့ရပါတော့၏ ။ သူ့၌ ငြင်းဆန်နိုင်သည့်အင်အားလည်းမရှိချေရာ လက်ခံလိုက်ဖို့ရာသာ ရှိပါတော့၏ ။ တစ်ခုတည်းသော သူလုပ်နိုင်သည့်အရာမှာ အိပ်စက်ခြင်းသာဖြစ်ရာ အိပ်ရာထက်လှဲချကာ စိတ်ပေါ့ပါးစွာ အိပ်ပစ်လိုက်ပါတော့သည် ။ ခေါင်းအုံးနှင့်ခေါင်းထိမိသည်နှင့်အိပ်ပျော်တတ်သည့်သူ့အကျင့်ကြောင့် သိပ်မကြာခင်ပင် ဟောက်သံပေးလျက် အိပ်မောကျသွားပြီ ဖြစ်သည် ။
မင်ယွန်းဂီမှာ အဆောင်ရှေ့မှ ဂျွန်ဂျောင်းဂု၏ အော်ခေါ်သံကို ကြားရတော့မှသာလျှင် အလန့်တကြား နိုးလာရလေသည် ။
" တတိယသခင်လေး...နိုးပြီလားဗျ "
သူ့ခင်မျာမှာ အိပ်ယာထက်မှ အလူးအလဲထရင်း အိပ်မှုန်စုံမွှားဖြစ်နေသည့်မျက်လုံးတွေအား လက်ဖြင့် ပွတ်သပ်လိုက်သည် ။ ဦးနှောက်ကလေး ကောင်းကောင်း လည်ပတ်သွားသောအခါမှသာ သူသည် သြရှရှအသံဖြင့် လှမ်းထူးလိုက်၏ ။
" နိုးပြီ ။ နိုးပြီ ။ ဝင်လာလို့ ရပါတယ် "
" မဝင်လာတော့ပါဘူး ။ အေးအေးဆေးဆေး လုပ်ပါ ။ ကျွန်တော်စောင့်နေပါ့မယ် "
ဂျွန်ဂျောင်းဂုက အပြင်ဖက်ကနေ လှမ်းပြောလာသည် ။
" ဒါဆိုလည်း ခဏလေးစောင့်ပါဦး "
သူ နိုးလာကြောင်းသိသည်နှင့် အသင့်စောင့်နေသည့်အစေခံလေးသည် မျက်နှာသစ်ရေနှင့်ပုဝါအပါအဝင်ယူဆောင်လျက် အခန်းတွင်းဝင်ရောက်လာလေသည် ။
သူသည် သွက်သွက်လက်လက်ပင် မျက်နှာသစ်လိုက်ပြီးနောက် အဝတ်အစားလဲကာ ထွက်လာလိုက်သည် ။
ဂျွန်ဂျောင်းဂုသည် သူ့အား မြင်သော် ပြုံးပြလာ၏ ။
" သွားကြရအောင် "
သို့ဖြင့် သူသည် နံနက်စာ စားသောက်ရာနေရာသို့ ဂျွန်ဂျောင်းဂုနှင့်အတူ တိတ်ဆိတ်စွာလမ်းလျှောက်လာခဲ့လိုက်သည် ။
YOU ARE READING
IN THE DARKNESS
Fanfictionဘဝကြီးကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့်သူ...ကံဆိုးမိုးမှောင်ကျပြီး အသက်အန္တာရာယ်နှင့်ဆိုင်သည့်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီးနောက်... မတူညီကွဲပြားသည့်ကမ္ဘာသစ်တစ်ခုဆီမှာ ပြန်လည်ဝင်စားသွားခဲ့တယ် ။ နောက်ပြီးတော့ရော... " အရာအာ...