ယနေ့၏ညီလာခံသည် မှုန်မှိုင်းတိတ်ဆိတ်နေလျက် တစ်စုံတစ်ရာသောဖိအားတစ်မျိုးရစ်သိုင်းနေပါ၏ ။ အလျိုလျိုခေါင်းငုံထားကြသည့်အမတ်မင်းများသည် ယနေ့တွင်တော့ လျှောက်တင်စရာမရှိသည့်အလား ငြိမ်ကုပ်နေကြပေသည် ။ ရာဇပလ္လင်ထက်မှပြည့်ရှင်မင်း၏စကားကိုသာ နားစွင့်ထားလျက် ယနေ့အတွက် ၎င်းတို့သည် ပွဲကြည့်ပရိတ်သတ်သာဖြစ်သည် ။
" အမတ်မင်းတို့ အခုလောက်ဆို သတင်းကြားမိလောက်ရောပေါ့ "
မင်းကြီး၏လေသံသည် ပုံမှန်နေ့များအတိုင်းပင်။
" ကိုယ်တော် ချမှတ်ထားတဲ့စည်းမျည်းစည်း
ကမ်းတွေကို ချိုးဖောက်တဲ့မည်သူ့ကိုမဆို မငဲ့ညာပဲ အပြစ်ပေးမယ် ။ "မူလကထက်စာလျင် အသံသြဇာပြင်းထန်လာသည့်အတွက် အမတ်မင်းများသည် မသိမသာမော့ကြည့်လာကြရာ တင်းမာနေသည့်မင်းကြီး၏မျက်နှာတော်အား တွေ့မြင်လိုက်ရပေ၏ ။ ၎င်းတို့သည် ခေါင်းပြန်ငုံလိုက်ကြရင်း ဤကိစ္စအပေါ် အရှင်မင်းကြီး အမျက်ဒေါသပိုနေသည်မှန်း တပ်အပ်သိသွားကြပေတော့သည် ။ ထိုကြောင့်ပင် အမတ်တချို့သည် အသံတိတ်သွားကြကာ သာသလိုနေလာကြပါ၏ ။
အသံမတိတ်နိုင်သူမှာတော့ တရားရေးရာအမတ်မင်းဂျွန်ဖြစ်ကာ ထိုသူသည် ရှေ့ထွက်လာပါ၏ ။
" စိုးရွံစွာနဲ့ပဲ လျှောက်တင်ပါရစေ ။ တရားခံရဲ့စကားတစ်ခွန်းတည်းနဲ့ မစုံစမ်းမစစ်ဆေးပဲ အမိန့်ချမလို့ပါလား ။ သေချာတဲ့ရှင်းလင်းချက်နဲ့သက်သေလိုချင်ပါတယ် "
ဤဂုန်းအဆိပ်နှင့်ပတ်သတ်သည့်အထူးတာဝန်ကိုယူထားသူဖြစ်သည့် တရားရေးရာအမတ်မင်းဂျွန်သည် မနေ့ည၏ စုံစမ်းစစ်ဆေးမှု၌ အတူရှိနေခဲ့သူဖြစ်ပြီး တရားခံ၏နှုတ်ထွက်စကားများအား ကြားသိခဲ့ပြီးပြီ ဖြစ်သည် ။
" မနေ့ညက စုံစမ်းစစ်ဆေးမှုမှာ တရားရေးရာ အမတ်မင်း ရှိနေခဲ့တယ် မဟုတ်လား ။ ထွက်ဆိုချက်တွေကို မကြားလိုက်တာလား ။ ဒါမှမဟုတ် မကြားချင်ယောင်ဆောင်လိုက်တာများလား "
YOU ARE READING
IN THE DARKNESS
Fanficဘဝကြီးကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့်သူ...ကံဆိုးမိုးမှောင်ကျပြီး အသက်အန္တာရာယ်နှင့်ဆိုင်သည့်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီးနောက်... မတူညီကွဲပြားသည့်ကမ္ဘာသစ်တစ်ခုဆီမှာ ပြန်လည်ဝင်စားသွားခဲ့တယ် ။ နောက်ပြီးတော့ရော... " အရာအာ...