အားကလည်း သန်လိုက်တာ ။ အရင်က လူမိုက်လုပ်ခဲ့တာဖြစ်မယ် ။ အဲ့လောက် လက်ရဲဇက်ရဲနိုင်တာ ။
" အ ! "
ရုန်းရင်းဆန်ခတ်မှုကြောင့် ဆံထိုးအချွန်နှင့် သူ့လက်ဖဝါးကို ခြစ်မိသွားတော့သည် ။ ထိုအခါမှ ဆိုင်ရှင်မှာ မျက်ပြူးဆန်ပြာဖြစ်သွားလေပြီး ရပ်တန့်လာတော့သည် ။ ထိုလူက သူ့လက်ဖဝါးကို ပိုင်စိုးပိုင်နင်း အတင်းဖြန့်ကားလာကာ စစ်ဆေးကြည့်ရှုလာသည် ။
" အာ...သွေးထွက်သွားတာပဲ ။ တောင်းပန်ပါတယ် ဗျာ ။ တောင်းပန်ပါတယ် ။ ကျွန်တော် သုတ်ပေးပါ့မယ်ဗျ "
ထိုလူက သူ့အတွင်းအင်္ကျီဝတ်ထဲမှ အဝတ်စအဖြူလေးကို ထုတ်ယူလာပြီး သွေးစို့နေသည့်ရှရာပေါ်သို့ အကြမ်းပတမ်း သုတ်လာတော့သည် ။
" အ ! နာတယ် ဗျ ! "
အနီးကပ်တပ်သားမှာလည်း ဆိုင်ရှင်၏ ပိုလွန်းနေသည့် အပြုအမူကြောင့် ထိုလူကို သခင်ငယ်လေးနှင့်အကွာအဝေးတစ်ခုခြားလိုက်သည် ။ မင်ဟာယောင်းမှာ စိုးရိမ်စိတ်ဖြင့် သူ့လက်ရှိ ဒဏ်ရာကို စစ်ကြည့်လာသည် ။
" သိပ်မနက်ဘူး "
ဂန်းလေးမှာ လျင်မြန်စွာပင် အတွင်းဝတ်ထဲမှ ဆေးပုလင်းလေးနှစ်ခုကို ထုတ်ယူလိုက်သည် ။
" သခင်ငယ်လေး ဒီဆေးသောက်လိုက်ပါ ။ ဒါက သွေးတိတ်ဆေးပါ "
သွေးတိတ်ဆေးသောက်ရအောင်...ဒါက ရှရာလေးနော် ! လျှာနဲ့ယက်လိုက်ရင်တောင် ပျောက်တယ်ကွ !
ဆေးလုံးကို မယူပဲ ရှုံတွနေသည့်သခင်ငယ်လေးကြောင့် ဂန်းလေးလည်း သခင်ကြီး၏ အာဏာကို အသုံးပြုရတော့သည် ။
" သခင်ကြီး ပေးထားတာပါ ။ သခင်ငယ်လေးကို နည်းနည်းလေးမှ သွေးမထွက်ရဘူးလို့ အမိန့်ပေးထားတာဗျ ။ သခင်ငယ်လေးမသောက်လို့ မရပါဘူး "
ဆေးလုံးတစ်လုံးသောက်ရသည်မှာ ဘာမှ အ
ပန်းမကြီးပါချေ ။ ဒီပြဿာနာကြောင့်နှင့်တစ်အိမ်သားလုံး စိတ်ပူသွားမည်ကမှ ကိစ္စကြီး ဖြစ်
သည် ။ ထို့ကြောင့် ဆေးလုံးကို ယူပြီး သောက်လိုက်တော့သည် ။ ထိုအပြင် ဂန်းလေးက သူ့ဒဏ်ရာကို လိမ်းဆေးလေး လိမ်းပေးလာသည် ။
YOU ARE READING
IN THE DARKNESS
Hayran Kurguဘဝကြီးကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့်သူ...ကံဆိုးမိုးမှောင်ကျပြီး အသက်အန္တာရာယ်နှင့်ဆိုင်သည့်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီးနောက်... မတူညီကွဲပြားသည့်ကမ္ဘာသစ်တစ်ခုဆီမှာ ပြန်လည်ဝင်စားသွားခဲ့တယ် ။ နောက်ပြီးတော့ရော... " အရာအာ...