Episode [ 22 ]

245 39 23
                                    

ယ​နေ့သည်​တော့ ဘဏ္ဍာ​ရေးအမတ်မင်၏ အိမ်​တော်ရာသို့ ​​မိဖု​ရား​ခေါင်ကြီးနှင့်တကွ တရား​ရေးရာအမတ်မင်းဂျွန်တို့ ကြွ​ရောက်လာကြမည်ဖြစ်ရာ နံနက်ဦးပိုင်းကတည်းကပင် လူတိုင်းသည် ကိုယ်စီအလုပ်ရှုပ်​နေကြသည် ။ အ​စေခံ​လေးများမှာ ခြံဝင်းထဲ ​ရှေ့​ပြေး​နောက်​ပြေးဖြင့် ပျားပန်းခတ်လျက် လုပ်ကိုင်​​နေကြသလို ပင်မ​​ဆောင်အား သန့်ရှင်း​တောက်​ပြောင်​စေကာ ပြန်လည်​နေရာချထား​ရေးကို​တော့ သခင်မကြီးမင်က ဦး​ဆောင်၍ လှုပ်ရှား​နေပေသည် ။

တန်ဖိုးကြီးပြီး ရှားပါးသည့်​ကြွေထည်အလှအိုးများသည် အခန်း​ထောင့်တစ်ခုစီ၌ ထည်ဝါလှပစွာ တည်ရှိလျက် အထက်တန်းကျ​န​နေ​စေ၏ ။ ပင်မ​ဆောင်သည် ဖုန့်မှုန့်တစ်စက်​​​တောင်မှ ရှိမ​​နေပါဘဲ ဧက္ကရာဇ်မှ ချီးမြင့်ဂုဏ်ပြုထားသည့်ဆုတံဆိပ်များများနှင့်အတူ လက်ရာ​မြောက်သည့်​ဆေး​ရေးပန်းချီများဖြင့် သစ်လွင်ခမ်းနား​နေ​ပေသည် ။ စား​သောက်ဖွယ်ရာများကိုလည်း အထူးပင် ဂရုစိုက်ကာ ပြင်ဆင်ရ​လေရာ သခင်မကြီးမင်သည်​လည်း အားလပ်​နေခြင်းမရှိ​ပေ ။ အထူးအ​ရေးကြီးသည့်ဧည့်သည်​တော်များကြွရောက်
လာမည်ရာ အထူးပင် ဂရုထား၍ ပြင်ဆင်ရ​ပေသည် ။

မထင်မှတ်ထားသည့်လန့်ဖျပ်စရာ​စေ့စပ်​ကြောင်း
လမ်းခြင်း​ကြောင့် အာရုံ​ထွေပြားကာ တစ်​ရေးမှအိပ်မ​ပျော်ခဲ့ရသည့်မင်ယွန်းဂီ​လေးသည် ဂန်း​လေး လာမနှိုးခင်ပင် နိုး​နေခဲ့ပြီး ဖြစ်သည် ။ အိပ်ရာထက် ​ငေါင်စင်းစင်းထိုင်​နေသည့်သခင်ငယ်​လေးကို မထင်မှတ်ထားစွာ​မြင်လိုက်ရ​သော် ဂန်း​လေးပင် အံသြမိရသည် ။ ​မျက်ခွံတို့ပိကျ​နေသည့်မျက်ဝန်းတစ်စုံကို သတိထားကြည့်မိ​သောအခါ​တော့ တစ်ညလုံး ​ကောင်း​ကောင်းအိပ်မ​ပျော်ခဲ့မှန်း ရိပ်မိလိုက်​တော့သည် ။

​အေး​လေ​နော် ​နေရင်းထိုင်ရင်း ​ယောကျာ်းရ​တော့မှာဆို​တော့ စိတ်ညစ်ရှာမှာပဲ ။

ဂန်း​လေးခင်မျာမှာ သနားသွားရ​တော့သည် ။  သူသည်လည်း သနားရုံသာ တတ်နိုင်​ပေရာ လုပ်စရာအမှုကိစ္စများကို အမြန်ပင် ​ဆောင်ရွက်ရ​တော့သည် ။

IN THE DARKNESSWhere stories live. Discover now