အမှန်တရားဆိုသည်မှာ မည်မျှပင် ဖုံးကွယ်ထားပါစေ တချိန်ချိန်၌ ထွက်ပေါ်လာရစမြဲဖြစ်ပြီး ကြုံတွေ့ရမည့်ကံကြမ္မာဆိုသည်မှာလည်း မည်မျှပင် ယထြာချေပါစေ မဖြစ်မနေ ထိပ်တိုက်တွေ့ရမည်သာဖြစ်၏ ။
မင်ယွန်းဂီခင်မျာမှာ ရဲမက်များခေါ်ဆောင်ရာ မြေအောက်ခန်းသို့ လိုက်ပါလာခဲ့ရပြီး ပိိန်းပိန်းအောင်မှောင်မည်းနေသည့်အခန်းငယ်လေးအတွင်း ဖယောင်းတိုင်မီးရောင်လဲ့လဲ့သာ လင်း၏ ။
" ခွင့်ပြုပါ "
သမားတော်ဖြစ်ဟန်တူသူများသည် သူ့၏အဝတ်များအားချွတ်လာခဲ့ရာ မင်ယွန်းဂီသည် ကြောက်လန့်တကြား လက်ဖြင့်ကာမိ၏ ။ တော်သေးသည်မှာ အပေါ်ပိုင်းကိုပဲ ချွတ်လာရာ အဆင်ပြေပါသေး၏ ။ ထို့နောက် အစေခံလေးတစ်ယောက် အဆင်သင့်ယူလာသည့်ဓါးဖြင့် သူ့ရင်ဘတ်ထက် ခပ်နက်နက် မွန်းလာရာ မင်ယွန်းဂီခင်မျာ နာကျင်စွာ အော်မိတော့၏ ။
ဘာလုပ်တာလဲ !
မည်သည့်အရာကိုမျှ ကောင်းကောင်းမတွေးနိုင်သေးသလို လက်ရှိရောက်နေသည့်နေရာကိုတောင်မှ သေချာမစူးစမ်းရသေးပါချေ ။ လျှပ်တပြက်ဖြစ်သွားသည့်အဖြစ်အပျက်ကြောင့် သူ ကြောင်အမိရ၏ ။ အသားနာသွားရခြင်းကြောင့်အင်မတန်ဒေါသထွက်၍ ရုန်းကန်ပါသော်ငြား သူအား လူနှစ်ယောက်မှ ဝိုင်းချုပ်ထားလေရာ မည်သို့မျှ လှုပ်မရပါချေ ။ ဓါးဖြင့်မွန်းသူသည် စီးကျလာသည့်သွေးတို့ဖြင့် မန္တာန်တစ်ခုကို ရေးဆွဲလာကာ စွမ်းအားတို့ ထုတ်သုံးလာ၏ ။
ရုတ်ချည်းပင် ခန္ဓာကိုယ်တစ်ခုလုံး အပူချိန်တို့မြင့်တက်လာခဲ့ပြီး နေလို့မကောင်းတော့ပါချေ ။ မီးပုံကြီးအလယ်ရှိနေရသကဲ့သို့ ပူလောင်လှပြီး အရေပြားတို့သည်ပင် မကြာခင် ပွတက်လာတော့မယောင်ပင် ။ ထိုကဲ့သို့ ဝေဒနာတစ်ရပ်ကို အပြင်းအထန်ခံစားနေရသည့်သူ့အား အခန်းတွင်းမှ လူတို့သည် သနားကြင်နာမှုကင်းမဲ့စွာ ကြည့်ရှုနေကြပြီး ၎င်းတို့၏ မျက်ဝန်းများထဲ၌ ပြတ်သားမှုတို့သာပေါ်လွင်နေ၏ ။ မဖြစ်ဖြစ်အောင် လုပ်ရမည်ဟု အခိုင်အမာဆုံးဖြတ်ထားသည့်ထိုသူတို့သည် အချိန်ကောင်းကို စောင့်နေကြ၏ ။
YOU ARE READING
IN THE DARKNESS
Fanfictionဘဝကြီးကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့်သူ...ကံဆိုးမိုးမှောင်ကျပြီး အသက်အန္တာရာယ်နှင့်ဆိုင်သည့်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီးနောက်... မတူညီကွဲပြားသည့်ကမ္ဘာသစ်တစ်ခုဆီမှာ ပြန်လည်ဝင်စားသွားခဲ့တယ် ။ နောက်ပြီးတော့ရော... " အရာအာ...