သူမက ခေါင်းတစ်ချက်ခါလာပြီး ဆိုလာသည် ။
" ဒါက ကျွန်မတို့လုပ်ရမယ့်ကိစ္စပါ "
ထို့နောက် သူမက ထရပ်လာပြီး နှုတ်ဆက်လာသည် ။
" ဂရုစိုက်ပြန်ပါ "
သမားတော် မိန်းကလေးထွက်သွားသည်နှင့် မင်ယွန်းဂီလည်း အင်္ကျီကို ပြန်ဝတ်လိုက်သည် ။ ထို့
နောက် လိမ်းဆေးကို အတွင်းအိပ်ကပ်ထဲ ထည့်ဖွက်ထားလိုက်ပြီး ဆေးကုသဆောင်ကနေ ညီ
အစ်ကိုနှစ်ယောက်ထွက်လာခဲ့တော့သည် ။ မင်ဆွန်းဝူက သူ့အား ဂိတ်ပေါက်ဝထိ လိုက်ပို့ပေးလာသည် ။" သတိထားပြန်ဦး "
" ဟုတ် ။ သွားတော့မယ်နော် "
သို့ဖြင့် မင်ယွန်းဂီလည်း အိမ်သို့ပြန်လှည့်လာခဲ့တော့သည် ။
" တတိယသခင်လေးပါလား "
သူ့ဘေးသို့ရောက်နေသည့်ဂျွန်ဂျောင်းဂုကို တွေ့လိုက်သောအခါ အတော်လေး လန့်သွားရသည် ။
လုပ်ပြန်ပြီ ။ စောနကပဲ အသံက နောက်ကနေလာတယ် ။ အခုကျ လူကောင်လိုက်ကြီး ဘေးနားရောက်နေရော ။
" နောက်ကျောတူလို့ လှမ်းခေါ်လိုက်တာ ။ တကယ့်ကို တတိယသခင်လေးပဲ ။ "
" ခေါင်းဆောင် ဂျွန်ကို ဒီမှာ တွေ့ရတာ ဝမ်းသာစရာပါပဲ ။ "
မင်ယွန်းဂီမှာ ထိုလူ၏ မျိုးရိုးမြင့်သခင်လေးဆိုသည့်ဂုဏ်ပုဒ်ကို ထင်ဟပ်စေသည့် တန်ဖိုးကြီး အဝတ်အထည်များကို ကြည့်လိုက်ပြီးနောက် ဆိုလိုက်သည် ။
" တစ်နေရာများ သွားလည်မလို့လား ခင်ဗျ "
" ဆိုပါတော့ ။ ဒီနေ့က နားရက်ဆိုတော့ ။ နည်းနည်းပါးပါး လျှောက်လည်မလို့လေ "
" ဟုတ် ။ ပျော်အောင်လည်ခဲ့ပါဗျာ "
ဂျွန်ဂျောင်းဂုက ခေါင်းတညိတ်ညိတ်လုပ်လာသည် ။
" ဒါနဲ့ ဒဏ်ရာရော သက်သာသွားပြီလား "
ထိုစကားကြောင့် မင်ယွန်းဂီမှာ ပျာပျာသလဲဖြင့် ဂျွန်ဂျောင်းဂု၏ ပါးစပ်ကို ပိတ်လိုက်ရသည် ။ ဂန်းလေးနှင့် အနီးကပ်အစောင့်တပ်သားတစ်ချို့မှာ ထိုဖြစ်အင်ကို ပြူးကြည့်နေကြတော့သည် ။
YOU ARE READING
IN THE DARKNESS
Fanfictionဘဝကြီးကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့်သူ...ကံဆိုးမိုးမှောင်ကျပြီး အသက်အန္တာရာယ်နှင့်ဆိုင်သည့်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီးနောက်... မတူညီကွဲပြားသည့်ကမ္ဘာသစ်တစ်ခုဆီမှာ ပြန်လည်ဝင်စားသွားခဲ့တယ် ။ နောက်ပြီးတော့ရော... " အရာအာ...