"လာနေပီ ခဏစောင့်ခိုင်းထားလိုက်" အသက်23နှစ်အရွယ်ထူးမြတ်ရွှေဇင်သည်ယောကျ်ားလေးစတိုင်ပေါ့ပေါ့ပါးပါးဝတ်ဆင်တတ်ပီး ရွှေဝါဆံပင် ကျောလောက်ကိုHighlight ဖောက်ထားပီး အပြောင်စီးထားကာ ကားမောင်းရင်းဖုန်းပြောနေသည်...
အမျိုးသမီးငယ်မှာမျက်ခုံးမွှေးကောင်းကောင်းနဲ့နှာတံဖြောင့်ဖြောင့်အသားရည်မှာလဲလူအများကြားသွားရင်တောင်ထင်ထင်ရှားရှားပေါ်လွင်သည့်အရောင်အသွေးဖြင့် ပြုံးလိုက်တိုင်းပေါ်လာတတ်တဲ့သွားတက်လေးများဖြင့်ပုရိသများသဘောကျမည့်ရုပ်ရည်လေးပိုင်ဆိုင်ထားသည်"မမလေး လူတွေတော့စုံနေပီ"
"အေး ငါအခုဝင်သွားလိုက်မယ်" ရုံးထဲရှိ mc အား ပြောလိုက်သည်...
Meeting room ထဲ၌ လူတော်တော်များများရောက်နေလေသည် အင်ဂျင်နီယာ company များစုဝေးထားသော project တစ်ခုအတွက်လုပ်သော meetingဖစ်သည်..."Sorry ကျွန်မနဲနဲနောက်ကျသွားတယ် ကားတွေပိတ်နေလို့" အသံနဲ့ အခန်းတံခါးဖွင့်ပီး ဝင်လာသော ဒေါ်ထားခက်ခက်နွယ်သည် အသက်40ရှိပီး အသားဖြူဖြူ နဲ့ ရုပ်ရည်မှာမြင်တိုင်းရင်အေးရမည့်အသွင် ခန္ဓာကိုယ်မှာလဲလွန်စွာလှပသော အမျိုးသမီးကြီးသည် အနီရောင်ဝမ်းဆက်ကို ဝတ်ဆင်ထားပီး ထူးမြတ် အရှေ့၌ ဝင်ထိုင်လိုက်သည်...
အစည်းအဝေးခန်းထဲရှိ လူများသည် ဒေါ်ထားခက်ခက်နွယ်အား လိုက်ကြည့်နေသည် ထိုအထဲမှာ ထူးမြတ်ပါပါလေသည်..."ဒါဆိုအဲ့အတိုင်း တစ်ဖွဲ့ဆီလုပ်ကြတာပေါ့"ဆိုပီး တာဝန်ရှိသူမှ အစည်းအဝေးကိုအဆုံးသတ်ပီးပြောလိုက်လေသည်...
"ထူးမြတ်ရွှေဇင် ဆိုတာ ရှင်လား"
"ဟုတ်ပါတယ်"
"ဒို့က white company က ဒေါ်ထားခက်ခက်နွယ်ပါ"
"အာ အာ့ဆို တူတူလုပ်ရမယ့် partners တွေပေါ့နော်"
"ဆိုပါတော့"
"တစ်ခုခုသွားစားကြမလား အလုပ်အကြောင်းပြောရင်းပေါ့"
"ဆောဒီးကွယ် ဒီနေ့တော့ကျွန်မလုပ်စရာလေးတွေရှိနေသေးလို့ နောက်နေ့မှဖုန်းဆက်လိုက်မယ်လေ"
"ဟုတ်ရပါတယ်" ဒီလိုနဲ့ ထားခက်တစ်ယောက် ဒေါင့်ဖိနပ် အသံနဲ့အတူ ပြန်သွားလေသည်..."လှတယ်နော်"ဟုတိုးတိုးလေးရွေရွတ်ပြောလိုက်ပေမယ့်...
"ရှင် ညီမကိုလား"
"အန်တီ့ကို ပြောတာ"
"အော်" ထူးမြတ် အတွင်းရေးမှုးနဲ့ စကားတွတ်ထိုးနေကြသည်...
"ရှင်ကတစ်မျိုး"
ထူးမြတ်ရှက်ပီး ထွက်သွားလေသည်...
YOU ARE READING
ဝဋ်ကြွေးလှလှ
Non-Fictionတွေ့ဆုံခြင်းက ဝဋ်ကြွေးဆိုရင်တောင် နီးစပ်ခြင်းကို အချစ်လို့ပဲခေါင်းစဥ်တပ်ပေးပါ ကံကြမ္မာရယ်....