Part 16

370 18 0
                                    

ဒီကနေ့ မိုးကလဲထူးထူးဆန်းဆန်းကိုအုံ့နေတဲ့အချိန်ပင် နေလို့အကောင်းဆုံးနေ့ဟုသတ်မှတ်ရမလား စာသင်ရသည်မှာလည်း စိတ်အေးချမ်းနေကာ အတန်းချိန်ပြီးသည်လဲအိမ်မပြန်ပဲနေခဲ့မိကာ ညရောက်မှအိမ်ပြန်ဖြစ်ခဲ့သည် အိမ်ပြန်လမ်းတစ်လျှောက်မှာမိုးရွာထားသည့်အတွက် စိုစိုစွတ်စွတ် ရုတ်တရက် ကားမှာလဲနှိုးမရကာ အခက်တွေ့နေသည့်အချိန်ပင် ကားပေါ်ဆင်း၍ ဟိုကြည့်ဒီကြည့် အကူအညီတောင်းရန် ရှာနေစဥ်

"ရွှေဇင် ကားကဘာဖြစ်လို့လဲ"

အသံရှိရာသို့ လှမ်းကြည့်လိုက်ကာ တစ်ချိန်က ကိုယ်နဲ့ပက်သက်ခဲ့ဖူးတဲ့ အတိတ်က ရီးစားဟောင်းပင် သဘောထားခြင်းမတိုက်ဆိုင်ကြလို့ လမ်းခွဲခဲ့သည်မှာလဲ နှစ်နှစ်နီးပါပင်ဖြစ်သည်

"မသိပါဘူး ဒီအတိုင်းနှိုးလို့မရတာ"

"ကို လိုက်ပို့မယ်လေ ဒါဆို"

"ရပါတယ် taxi ပဲငှားသွားလိုက်မယ်"

"ဒီလမ်းက taxi လာတာရှားတယ် ကို လိုက်ပို့ပါ့မယ်"

"ရပါတယ် လာတဲ့အထိ စောင့်မယ်"

"ဒါဆိုလဲ ကိုမပြန်ဘူးကွာတူတူစောင့်ပေးမယ်"

"ရှင်ဘယ်လိုဖြစ်နေတာလဲ ကိုယ့်လမ်းကိုသွားစရာရှိတာသွားစမ်းပါ"

"မင်းကကော ဘယ်လိုဖြစ်နေတာလဲ စေတနာသန့်သန့်ကူညီပေးနေတာကို"

"ကျွန်မရှင်နဲ့မပက်သက်ချင်တော့လို့ပေါ့"

"ကိုယ် တို့ကြားမှာ ဒီလောက်ထိမုန်းစရာပြသနာကြီးကြီးမားမား မရှိခဲ့ပါဘူး"

"ဒါတွေကျွန်မ မသိတော့ပါဘူး ရှင်နဲ့ပက်သက်တွေကျွန်မအကုန်မေ့ပစ်လိုက်ပြီမို့ လမ်းမှတွေ့ရင်တောင်ကျွန်မကိုမနှုတ်ဆက်ပါနဲ့တော့"

"မင်းကအရင်အတိုင်းပဲ မပြောင်းလဲသေးဘူး ခုထိ ပြတ်သားနိုင်နေတုန်းပဲ"

"ထင်ချင်သလိုထင်ပါ"

"ကို မင်းကိုမေ့လို့မရသေးဘူး ခုထိ"

"ဒီအကြောင်းတွေမပြောပါနဲ့တော့ ရှင်သွားပါတော့ ကျွန်မအနားကနေ"

ဝဋ်ကြွေးလှလှWhere stories live. Discover now