Part 20

373 20 0
                                    

အိမ်ပြန်လမ်းတစ်လျှောက်မှာတော့ အန်တီ့ကောထူးကော နှစ်ယောက်လုံးတိတ်ဆိတ်နေလေခဲ့သည်

"မောင် သွန်းကိုဘယ်လိုမြင်လဲ"

"ဟင် ဘာကိုလဲအန်တီ"

"သွန်းက မောင့်ကိုအရမ်းဂရုစိုက်နေသလိုပဲ ဆရာတပည့်ဖြစ်လို့ဆိုရင်တောင် အဲ့ကျောင်းမှာသူ့တပည့်တွေကအများကြီးပဲလေ မောင့်နဲ့ကျမှ ဘာလို့အရမ်းရင်းနှီးနေတာလဲ ပြီးတော့ ဒီနေ့အန်တီတို့ကိုသိပ်မကြည်နေသလိုပဲသူ့ပုံစံက"

"မောင်တောင်သတိမထားမိဘူး မသွန်းကအဲ့လိုပါပဲသူ့စိတ်ကခန်းမှန်းရခက်တယ် ဒါမှမဟုတ်မောင်တို့roနေတာကိုမနာလိုလို့နေမှာပေါ့"

"မနောက်နဲ့ကွာ အန်တီအတည်မေးနေတာ"

"ဟော အန်တီက မသွန်းကိုဘယ်လိုထင်နေလို့လဲ"

"အန်တီတို့လိုဖြစ်နေရင်ကော"

"ဘယ်လိုမျိုးအန်တီတို့လဲမောင်နားမလည်ဘူး"

"ဒီလိုကွာ မောင့်ကိုချစ်နေတာဆိုရင်ကော"

"အန်တီရယ်မဖြစ်နိုင်တာပါ မသွန်းကမောင်တို့လိုမဟုတ်ပါဘူး"

"မသိတော့ဘူးအန်တီစိတ်ထဲခုနေလို့ ထားလိုက်ပါတော့လေ"

"တကယ်လို့ မသွန်းကအဲ့လိုဆိုရင်တောင် မောင်က အန်တီပဲချစ်မှာ စိတ်ချနော် မောင့်နှလုံးသားကအန်တီ့ကလွဲပြီး ဘယ်သူမှရင်ခုန်လို့မရဘူး အန်တီက မောင့်ရှင်သန်ဖို့ခွန်အားလေးတစ်ခုပဲ အန်တီမရှိရင်မောင်အများကြီးပြိုလဲသွားမှာ"

"စကားတွေတတ်နေလိုက်တာနော် ဒါကြောင့်ဒီက ကြွေပြီးရင်းကြွေ ချစ်ပြီးရင်းချစ်နေရတာ"

"အမြဲတမ်ချစ်နေပေးပါလို့ တောင်းဆိုပါတယ်"

"ထာဝရချစ်နေမှာပါရှင်"

တဖြေးဖြေးယိမ်းလာရတဲ့စိတ်တွေဟာအခုတော့ ဒီကလေးရင်ခွင်ထဲမှာပြိုလဲကျရှုံးသွားခဲ့ရပါပီ စိတ်တင်းနေခဲ့ပါသော်လည်း ချစ်ရသူရဲ့ညှို့နိုင်စွမ်းမှာတော့ မလွတ်မြောက်နိုင်ခဲ့တဲ့ အန်တီပါပင် ဒီအတွက် အပြစ်ရှိမယ်ဆိုရင်တောင် မောင့်နှလုံးသားမှာပဲ အကျဥ်းချထားခဲ့ပေးပါ မောင့်နဲ့ဝေးရာမှာမနေနိုင်ခဲ့တော့ပါ...

ဝဋ်ကြွေးလှလှWhere stories live. Discover now