Part 19

402 21 0
                                    

လက်ဆွဲ၍ အထဲသို့ခေါ်လာခဲ့သည်
ဝင်ဝင်ချင်းချင်းမြင်လိုက်ရသူမှာ သွန်းပင်

"အော် အန်တီ ဒီနေ့စောသားပဲထူးကိုလာခေါ်တာ"

"ဟုတ်တယ် အလုပ်တွေသိပ်မရှိတော့ ပျင်းတာနဲ့ ဒီပဲတစ်ခါထဲလာလိုက်တာ"

"ကော်ဖီသောက်ဦးမလား"

"တော်ပီ မသောက်တော့ပါဘူး"

"ဘာရှာနေတာလဲ ထူး"

"ကြိမ်လုံး ကြိမ်လုံး"

"ကြိမ်လုံးတွေကရေချိုးခန်းထဲမှာ ရေစိမ်ထားတယ်"

"ဟမ် ဘာဖြစ်လို့ရေစိမ်ထားတာလဲ"

"မနေ့ကအကြီးတန်းနဲ့အငယ်တန်းတွေရန်ဖြစ်ကြတယ်လေ အပြန်ကျ အဲ့တာရိုက်မို့"

"ရေစိမ်ပြီးတော့ကိုလား"

"ဒါပေါ့"

"ရက်စက်လိုက်တာနော်"

"အပြစ်ရှိရင်တော့ဆုံးမရမှာပဲရှင်ကဘာလုပ်မို့လဲကြိမ်လုံး"

"အမှတ်စရင်းထုတ်ပေးမို့"

"ဟယ်ကျန်းယုတ်မာတော့မယ်"

"အစ်မလောက်တော့မဆိုးသေးဘူး"

"ကြိမ်လုံးအကုန်လုံးက ရေစိမ်ထားတာ တူတူပဲရှင်လဲ"

"ဘာလို့အကုန်လုံးစိမ်ထားတာလဲလို့"

"မကျေနပ်ရင် အဲ့ကြိမ်လုံးကိုခုသွားထုတ်ပြီး ပါးစပ်နဲ့ထိုင်မှုတ်နေလိုက်လေ ခုမှထူးထူးဆန်းဆန်းရိုက်မယ်လာလုပ်နေပြီး အစထဲကကြိုပြောထားပါ့လား"

"ဖြေးဖြေးပြောပါ ဒေါသကြီးပဲနော်"

"မပြောနိုင်ဘူး စိတ်ကရှည်နေတာမဟုတ်ဘူး"

အန်တီနဲ့တူတူလက်တွဲမြင်လိုက်တည်းက စိတ်မကြည်တော့သည့်သွန်းပင် စိတ်ထဲအလိုမကျကာ ထူးကိုလဲ ကပ်ကပ်လန်အောင် ရန်တွေ့နေမိခဲ့ခြင်းဖြစ်သည်...

"တီချယ်လေး ပွဲလာကြည့်လို့ရလား"(Guide ဆရာမလေးတွေမှ)

"ရပါ့နော် "

"အမယ်လေးနော် ယုတ်မာနေလိုက်တာကြတာ ငါ့တပည့်တွေကို"

"သမီးတို့လဲ တီချယ့်တပည့်တွေပါပဲနော်"

ဝဋ်ကြွေးလှလှWhere stories live. Discover now