Part 15

428 22 2
                                    

ညနေထဲကဒေါသက ညထိ မပျောက်ပျယ်နိုင်ကာ

"ဟဲလို အန်တီ ခြံအပြင်ခဏထွက်ခဲ့ပါ ထူးမေးစရာရှိလို့"

"ဘာမေးမို့လဲ ထူးရဲ့ မိုးချုပ်နေပီလေ မဆင်းချင်တော့ဘူး"

"အာ့ဆို ထူးလာခဲ့မယ်"

တစ်ဖက်အဖြေကိုစောင့်မနေပဲ ဒေါသတစ်ကြီးဖြင့် အန်တီဆီထွက်လာခဲ့ကာ ခြံထဲ၌စောင့်နေ၍

"ဘာအရေးကြီးလို့ မနက်ထိတောင်မစောင့်နိုင်ရတာလဲထူးရဲ့"

"အန်တီထူးကို ဘယ်လိုသတ်မှတ်ထားလဲ"

"ဘာကိုလဲ"

"အန်တီနဲ့ ဟိုဘဲနဲ့ ကြည်နူးနေတာကို ညနေကတွေ့လိုက်ရတယ်"

"လာပြန်ပီလား ဒီကိစ္စ သူငယ်ချင်းပါလို့ မင်းကိုပြောပီးပီလေ နားမလည်ဘူးလား"

"နားမလည်နိုင်ဘူးအန်တီ သူငယ်ချင်းဆိုပီး ပုခုံးဖက်တာလဲအန်တီခံရောလား ငါးရံ့နှစ်ကောင်ပြိုင်ဖမ်းနေတာလား"

"နင်ဘာပြောလိုက်တာလဲ နင့်စကားကငါ့သိက္ခာကိုစော်ကားနေတာနင်သိရဲ့လား"

ထားခက်အသံမှာပိုကျယ်လာကာ ဒေါသအလွန်ထွက်လာခဲ့သည်

"စော်ကားနေတာတော့မဟုတ်ဘူး ခဗျားလုပ်ရပ်ကိုကျွန်တော့်ထောက်ပြနေတာ"

"အေး နင်ပြောသလိုငါကငါးရံ့နှစ်ကောင်ဖမ်းတယ်ဆိုရင်တောင်  အဲ့ဒီ့ငါးမြှားချိတ်ထဲက ငါးစာကို နင်ဘာလို့လုနေသေးလဲ"

"အော် ကျွန်တော်ကလုမိသွားတာလား အေးပေါ့နောက်မှရောက်လာတဲ့လူဆိုတော့လုမိသွားတာပေါ့"

"အဲ့ဒါကနင့်ကိစ္စပါ ငါကတော့နင်လိုကိုယ်မှန်တယ်ထင်ပီးစွပ်စွဲတတ်တဲ့ကလေးမျိုးကိုသနားပီးပက်သက်မိခဲ့တာငါ့အမှားပဲ ဒီနေ့တော့ နင်ငါ့ကိုအပြစ်အကြီးကြီး တစ်ခုလုပ်မိသွားပီ ငါ့သိက္ခာကိုနင်စော်ကားခဲ့တာ ဒီလိုစိတ်ဓာတ်ရှိတဲ့လူကို ငါအရမ်းရွံသွားပြီ ငါနဲ့ထပ်ပီး လာမပက်သက်ပါနဲ့တော့"

"အော် ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို တစ်ခြားတစ်ယောက်နဲ့တွဲမြင်ရတဲ့ခံစားချက်ကို ခဗျားသိလား ဒါကိုဒေါသထွက်လို့ ပြောခဲ့မိတာ စော်ကားတယ်လို့ခဗျားဘာလို့ထင်ရတာလဲ ကျွန်တော်ခဗျားကိုအရမ်းချစ်လို့ ဒီလိုဖြစ်နေတာကိုကော ခဗျားမမြင်ဘူးလား"

ဝဋ်ကြွေးလှလှTempat cerita menjadi hidup. Temukan sekarang