Part 21

371 15 0
                                    

အမြဲတွေ့နေရတဲ့မျက်နှာကိုမမြင်ရသည့်အခါ အလွမ်းဓာတ်က ပုံမှန်ထက်ပိုလာခဲ့ရသည် ဒါတောင် တစ်ရက် ပဲရှိပါသေးသည် ခွဲခွာရသည်မှာ မိမိ မှာတော့ အများကြီး လွမ်းမိခဲ့လေသည်

"ကလေးလေး လွမ်းလိုက်တာနော်"

Sms အားထူးသို့ပို့လိုက်သည်

တစ်ယောက်သောသူကတော့ မအားပါ အတန်ကြာအောင် စာပြန်ပို့မည်ကိုစောင့်နေသော်လည်းတစ်ဖက်လူကတော့ပို့မလာခဲ့ပါ မိမိတစ်ယောက်ထဲအသည်းသန်ဖြစ်နေသည်ဟုယူဆကာ မိမိအား မေ့ထားသည့် ထူးကိုတော့ အခဲမကျေဖြစ်နေ...

တစ်နေ့လုံးစာတစ်ကြောင်းတောင်ပို့မလာသော ရီးစားငယ်ငယ်လေးကို စိတ်ကောက်နေသည်မှာ ညထိတောင်ရောက်လာခဲ့လေပြီ

ထိုအချိန်၌ပင် ထူးမှာလည်း ဖုန်းစခေါ်ပါတော့သည် အန်တီသည်လည်း မိမိအားပစ်ထားသောကြောင့် စိတ်ဆိုး၍ မကိုင်ခဲ့ပါ သို့သော် ဆက်တိုက်သာ ခေါ်နေခဲ့သည် ထိုနောက်မှာတော့ တင်းနေသောစိတ်အားလုံးကာ အနည်းငယ်ပြေလျော့လာကာ ဖုန်းကိုကိုင်လိုက်ပါတော့သည်

"ဟဲလို"

"အန်တီမအားဘူးလား ဘာလို့ဖုန်းမကိုင်တာလဲ"

"မအားတာမဟုတ်ဘူး တမင်တကာ မကိုင်တာ"

"အယ် ဘာဖြစ်လို့လဲ"

"အမြင်ကပ်လို့"

"ဟာ မောင် ဘာလုပ်မိလို့လဲ"

"ပစ်ထားတာလေ တစ်နေ့လုံး စာတစ်ကြောင်းတောင်မပို့ဘူး"

"အာ မောင်မအားလို့ပါ တော်တော်အလုပ်ရှုပ်နေလို့ပါ စိတ်မဆိုးပါနဲ့နော်"

"မသိဘူးလာမပြောနဲ့ စာတစ်ကြောင်းတောင်ပို့ဖို့တောင် အရေးမပေးချင်ဘူး"

"ဟာ အဲ့လိုမဟုတ်ပါဘူး မောင်အလုပ်ရှုပ်နေလို့ မေ့သွားတာပါ မောင်တောင်းပန်ပါတယ်နော်"

"မေ့တောင်မေ့ထားတာပေါ့"

"ဟာ ပိုဆိုးကုန်ပီ မောင်တကယ်တောင်းပန်ပါတယ် မောင်မှားသွားတယ် အဲ့အတွက်မကျေနပ်ရင်လဲကြိုက်တဲ့အပြစ်ပေးပါနော်မောင့်ကို စိတ်တော့မဆိုးပါနဲ့"

ဝဋ်ကြွေးလှလှWhere stories live. Discover now