နောက်တစ်နေ့မနက်
"အန်တီ"အိပ်ပျော်နေသောအန်တီကိုဆံပင်များလက်ဖြင့်သပ်၍ခေါ်လိုက်သည်
"သတိရလာပီလား"
မျက်နှာဟာရွှင်လန်းနေပြီး ပြုံးပြလိုက်သည်အန်တီ့ကိုနေမကောင်သော်ငြားလည်းမျက်နှာလေးမှကြည်တောက်နေပီး တကယ့်ချစ်စရာကောင်းသည့်ကလေးမပင်
"အလုပ်မသွားဘူးလား"
"ဘယ်သွားနိုင်မလဲ ရှင်မှနေမကောင်းတာ"
"ပစ်ထားလဲရပါတယ်"
"ပစ်ထားချင်ပေမယ့် တို့မျက်စိအောက်ဖြစ်သွားတော့ တာဝန်ယူရတာပေါ့"
"ပစ်ထားချင်သေးတယ်ပေါ့ဒါဆို"
"တော်ပီနော် နေကောင်းတာနဲ့ လူကိုလာကပ်သပ်မနေနဲ့ ဒီကပြောတတ်ဆိုတတ်နဲ့"
"ဟုတ်ကြောက်ပါတယ်နော် ဒါနဲ့ မေမေတို့ကောလာသေးလား"
"လာတယ် မအားလို့တဲ့ ခဏပဲလာပီးပြန်သွားတယ်"
"အော်"
မျက်နှာလေးမှာအနည်းငယ်ညိုး..."ဗိုက်ဆာနေပီလား ဘာစားမလဲ ဘာကျွေးရမလဲအန်တီ"
"အပြင်မှာစားချင်တယ် ဒီမှာမနေချင်တော့ဘူး အရမ်းနံတယ်"
"ဟင် ဘယ်ဟာကနံတာလဲ"
"ခုရနေတဲ့အနံ့တွေ"
"အော် ဆေးရုံအနံ့လေအဲ့တာ"
"မကြိုက်ဘူး ပြန်ရအောင်အန်တီ အန်ချင်လာပီ"
"ဟုတ်ပီ ဟုတ်ပီ ဆရာဝန်ကိုသွားမေးလိုက်မယ်နော်"
"မြန်မြန်လုပ်နော်"
နှာခေါင်းလေးကိုပိတ်၍ ရှုံ့မဲ့နေသည်မှာအူယားစရာပင်ငယ်ငယ်ကထဲက ဆေးတွေနဲ့မကင်းနေရသော်လည်း ဆေးရုံအနံ့ကိုတော့ လုံးဝမကြိုက်ပေ..
"ကဲဘာစားမှာလဲ"
ဆိုင်တစ်ဆိုင်၌"မုန့်ဟင်းခါးစားမယ်"
"မုန့်ဟင်းခါနှစ်ပွဲအကြော်နဲ့ လက်ဖက်ရည်နှစ်ခွက်ပေါ့ဆိမ့်"
ထို့နောက်မုန့်ဟင်းခါးလာချပေးပီးနောက် မစားပဲထူးတစ်ယောက်မုန့်ဟင်းခါးပန်ကန်ကိုထိုင်သာကြည့်နေတော့သည်
YOU ARE READING
ဝဋ်ကြွေးလှလှ
Non-Fictionတွေ့ဆုံခြင်းက ဝဋ်ကြွေးဆိုရင်တောင် နီးစပ်ခြင်းကို အချစ်လို့ပဲခေါင်းစဥ်တပ်ပေးပါ ကံကြမ္မာရယ်....