"4 နာရီခွဲနေပီ ထတော့ 5 နာရီသွားမှာ"
"ဟုတ်ဟုတ်ထပြီ"
ဆက်အိပ်ချင်နေသောမျက်လုံးတွေအား အားအကုန်ဖွင့်ကာ ပြင်ဆင်တော့သည်...
"တော်သေးတယ်"
"ဘာဖြစ်လို့လဲအန်တီ"
"ထမိန်ဝတ်ခဲ့ပြောမို့မေ့သွားတာ ဝတ်လာလို့တော်သေးတယ်ပြောတာ"
"ဟုတ်လား တွေ့ရာဆွဲဝတ်လာတာ နောက်ကျမှစိုးလို့"
"ကောင်းပါတယ် သွားကြမယ်လေ"
"ဟုတ်အန်တီ"
နေရောင်ခြည်အပြည့်အဝမရသေးသောနံနက်ခင်းလေးမှာ ချစ်ရသူအတူရှိရတဲ့အခိုက်အတန့်ပင် လေပြေလေးတွေရိုက်ခတ်လိုက်တိုင်း လွင့်သွားတဲ့ဆံနွယ်စလေးတွေ လေတိုက်လိုက်တိုင်း ထွက်လာတဲ့ ကိုယ်သင်းရနံ့သင်းသင်းလေးတွေနဲ့ ပြီးပြည့်စုံနေတဲ့အမျိုးသမီးနဲ့တူတူရှိနေရတဲ့ ထူးအတွက်တော့ မမေ့နိုင်စရာမနက်ခင်းလေးတစ်ခုဖြစ်မည်ထင်သည်
"ဒါနဲ့ဘယ်သွားမယ်ဆိုတာခုထိမပြောရသေးဘူးနော်"
"မောင်းစမ်းပါတို့လမ်းညွှန့်ပါ့မယ်"
အန်တီညွှန်တဲ့လမ်းတိုင်းတစ်လျှောက်မောင်းလာပြီးသည့်နောက်မှာတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာဂိတ်ဆုံးပါတော့သည်
"ဒီနေ့အန်တီမွေးနေ့"
"ဟယ်ဟုတ်လား ကြိုမပြောဘူးအန်တီကလဲ တစ်ခုခုစီစဥ်ပေးမှာပေါ့"
"ရပါတယ် မွေးနေ့တိုင်း အန်တီကဒီကျောင်းမှာဆွမ်းလာကပ်ဖြစ်တယ်လေ"
"ကောင်းတာပေါ့ ဒါဆိုဆွမ်းကပ်ပြီးရင်ပြန်မှာပေါ့"
"အင်းပေါ့ ဘာဖြစ်လို့လဲ"
"ဘယ်မှမသွားတော့ဘူးလား"
"တော်ပြီလေ ဘယ်သွားချင်သေးလို့လဲ"
"အန်တီရဲ့ဒီနှစ်မွေးနေ့က ထူးနဲ့တူတူရှိရတဲ့ မွေးနေ့မို့ အမှတ်တရဖြစ်ရအောင် တစ်ခုခုတော့လုပ်ပေးရမှာပေါ့"
"တော်ပါလေ မွေးနေ့တောင်တို့ပြောမှသိတာကို ဘာလုပ်ပေးချင်နေသေးလို့လဲ"
YOU ARE READING
ဝဋ်ကြွေးလှလှ
Non-Fictionတွေ့ဆုံခြင်းက ဝဋ်ကြွေးဆိုရင်တောင် နီးစပ်ခြင်းကို အချစ်လို့ပဲခေါင်းစဥ်တပ်ပေးပါ ကံကြမ္မာရယ်....