Part 3

467 31 0
                                    

ထားခက်တစ်ယောက် ထူးမြတ်ကိုလက်ခံချင်ပေမယ့်ကံကြမ္မာကိုရင်ဆိုင်ရမှာ အလွန်ပင်ကြောက်နေလေခဲ့သည် အတွေးများစွာ ဖြင့်ဝမ်းနည်းလေတော့သည်...
"တကယ်ကြီးများ စိတ်နာသွားလား နေပါလေ ဒါကဖြစ်မှမဖြစ်နိုင်ပဲသူလဲစိတ်ကစားနေတာနေမှာပါ"
အတွေးများဖြင့်တိတ်ဆိတ်စွာညဥ်းတွားနေတော့သည်

"လောကကြီးမှာလေ စည်းတွေဘောင်တွေ နိယာမတွေသာမရှိခဲ့ရင်ကောင်းမယ် ဟာ....ဘာတွေတွေးနေပါလိမ့် ယောကျ်ားတွေတောင်ငြင်းလာခဲ့သေးတာကို ဒါလဲသာမာန်ကိစ္စတွေလိုပါပဲ"
ရုပ်လေးချောပြီးလှသလောက် အမျိုးသမီးကြီးက မာနတစ်ဖွဲသား...

တစ်ဖက်မှာထူးက ပထမဆုံးအကြိမ်ချစ်မိသူကအမျိုးသမီးဖြစ်နေတဲ့အပြင် ငြင်းခံရ၌ ‌‌ဘယ် လိုမှဖြေသိမ့်မရ...

ဝမ်းနည်းစရာကြုံလာတိုင်းသွန်းအားသတိရတတ်သည့်ထူးဟာ ချက်ချင်းပင် ငိုလျင်ဖုန်းဆက်တော့သည်
"မသွန်း"
"ကလေးပြော"
"....." ထူးမှာဘာမှမပြောနိုင် တိတ်တဆိတ်မျက်ရည်ကျကာရှိုက်နေသည်
"ထူး ဘာဖစ်လို့လဲ ငိုနေတာလား အစ်မကြားရတယ်နော် အစ်မကိုပြောဦး"
"လူတစ်ယောက်ကိုတကယ်ချစ်မိသွားပြီထင်တယ်အစ်မရယ် အဲ့လူကြောင့်နာကျင်နေတာတောင် မမေ့နိုင်သေးဘူးဖြစ်နေတယ် ထူးဘယ်လိုလုပ်ရမလဲ မေ့ပစ်လိုက်ချင်တယ်"
"အနာခံမှ အသာစံမှာထူးရဲ့ ထူးသာသူ့ကိုတကယ်ချစ်တာဆိုရင်နာကျင်လဲသည်းခံနိုင်ရမယ် တကယ်ချစ်တာမှာလား"
"သေမတတ်ချစ်တာ"
"အာ့ဆိုဆက်ကြိုးစား အစ်မအတန်းဝင်ရတော့မယ်ဒါဘဲနော်"
ပုံမှန်ဆို ထူးငိုတိုင်းအိမ်ထိလာတတ်သူ အငိုမတိတ်ချင်းချော့ပေးတဲ့သူက အချစ်ရေးမှာတော့ ထူးအပေါ်အေးတိအေးစက်ပင်

"သွန်း မျက်နှာလဲမကောင်းပါလားဘာဖြစ်နေတာလဲ" သွန်း၏သူငယ်ချင်းဖြစ်သူယုယပင် ယုယသည်မှာလည်း ထူးရဲ့Guide ဆရာမတစ်ဦးပင်ဖြစ်သည်...
"ထူးကဟိုအန်တီကိုတကယ်ချစ်နေတာထင်ပါတယ်" ထူးဖုန်းဆက်တဲ့ နေ့ထဲက သွန်းတို့ ထူးအကြောင်းကိုစုံစမ်းထားလို့ အကုန်သိနေခဲ့ပီ

"သူငယ်ချင်းရယ် နင့်ကိုလဲငါသနားလိုက်တာ နင်သူ့ကိုဖွင့်ပြောလိုက်ပါတော့ဟာ"
ထူးဆယ်တန်းထဲက သွန်းဟာချစ်နေခဲ့သူတစ်ဦးဖြစ်သည်
"နိုး မဖြစ်နိုင်ဘူး ငါ့ကလေးနဲ့ ဝေးသွားမှာ သူကအစ်မတစ်ယောက်လိုငါကိုရင်နှီးတာ"
"ဒါဖြင့် နင်ဒီလိုပဲနာကျင်နေတော့မှာလား"
"အနည်းဆုံးတော့ သူ့အနားငါရှိနေခွင့်ရတယ်လေ ငါအတန်းဝင်တော့မယ်ကွာ"

ကလေးငယ်ကိုပိုင်ဆိုင်ချင်စိတ်ရှိသည်မှာအမှန် သိုပေမယ့် သူချစ်တဲ့သူနဲ့ပဲပျော်နေစေချင်တဲ့စိတ်လေးရှိနေသဖြင့်ဖွင့်ပြောဖို့မကြိုးစားခဲ့...

တစ်ဖက်မှာလဲ ထားခက်ဖြစ်သူမှာ ကလေးငယ်နဲ့မဝေးသွားချင်တဲ့စိတ်တော့ရှိနေပီး သူပြောသည့်အရာကိုလဲလက်မခံနိုင်စိတ်နဲ့ ရင်ပူနေရသည်

Good Night မပို့လာတော့ contact လေးအားကြည့်ပီး  မျှော်နေမိ....

ချစ်တာမချစ်တာထက်သံယောဇဥ်တော့ထားခက်တစ်ယောက်ဤကလေးအပေါ်၌ရှိနေတော့လေသည်...

အိပ်မရ၍ ဝရံတာအပြင်ဘက်ထွက်လာကာ ဟိုဘက်ခြံ၏ဒန်းပေါ်၌ စီးကရက် ဖွာရင်း ထိုင်နေသောထူးအားတွေ့တော့သည်
"တကယ့်ယောကျ်ားလေးအတိုင်းပါပဲနော် တဇွတ်ထိုးနဲ့ကလေးဆန်ပါပေလေ လောကကြီးအကြောင်းမင်းဘာမှမသိသေးပါဘူးလေ"တစ်ယောက်ထဲပြောနေခဲ့သည်...

နောက်တစ်နေ့မှာလဲထားခက်တစ်ယောက်တစ်ညလုံးကောင်းကောင်းမအိပ်ရ၍  ‌အီမသာနဲ့စိတ်ထဲနေလို့မကောင်းပေ။

"အန်တီ ထူးမြတ်ရွှေဇင်ရောက်နေတယ်"
ပျော်လားမပျော်လားသေချာပင်မသိ ဒါပေမယ့် ရန်ခုန်သံကပို၍မြန်လာသည်မှာအသေချာ..
"ဝင်ခိုင်းလိုက်ပါ"
စိတ်လှုပ်ရှားကာဟိုနေ့ကကိစ္စကိုသာမျက်နှာထပ်ပူနေတော့သည်။
"အလုပ်ကိစ္စလေးပြောမို့"
"အင်းပြောလေ"
ပုံမှန်ငေးနေကျမျက်ဝန်းတစ်စုံဟာ ကိုယ့်အပေါ်ငေးကြည့်ခြင်းမရှိပဲ အလုပ်ကိစ္စများကိုပြောနေသည့်အခါအနည်းငယ်ကသိကအောက်ခံစားရတော့သည်...

အလုပ်ကိစ္စများပြောအပီးတွင် ထူးမြတ်မျက်ဝန်းတစ်စုံဟာအန်တီဆီသို့စတင်ကျရောက်လာတော့သည်
"ဟိုတနေ့ကကိစ္စကိုမေ့ထားပေးပါလား"
"ဘာလို့လဲ"
"မပြောခဲ့ဘူးလို့သတ်မှတ်ပေးပါလားအန်တီ"
"ဘာဖြစ်လို့လဲလို့" ထားခက်အရမ်းသိချင်ဇောနဲ့လေသံနဲနဲမာလာတော့သည်
"မဝေးချင်လို့ ပီးတော့မနေနိုင်ဘူး အန်တီနဲ့မပက်သက်ရပဲ တောင်းပန်ပါတယ်နော် ပြန်မချစ်နိုင်လဲအနားမှာတော့နေခွင့်ပေးပါလား"
လက်တစ်စုံလုံးသည် ထားခက်လက်တစ်ဖက်အားကိုင်ဆောင်ထားပီး မျက်ရည်ဝဲလေးဖြင့်တောင်းဆိုနေမိလေသည်...

"အင်း"
သနားစိတ်နဲ့ပြောလိုက်ကာ ထူးမြတ်ကိုင်ထားသောလက်အားချက်ချင်းဆိုသလိုရုန်းလိုက်တော့သည်...

တကယ်ဆို ထားခက်မှာလဲတိတိကျကျမဟုတ်ပေမယ့် သံယောဇဥ်ကြောင့် အနားရှိနေစေချင်နေခဲ့တာအမှန်ပါ ထို့အတူသနားစိတ်လေးပါယှဥ်တွဲ...

ဝဋ်ကြွေးလှလှWhere stories live. Discover now