ရန်ကုန်သို့ပြန်ရောက်ရှိခဲ့လေပြီ ပြန်ရောက်ရင်ပထမဆုံးပြေးတွေ့ချင်ခဲ့တဲ့ မျက်နှာကို ဤအချိန်မှာတော့ တွေ့ခွင့်မရှိခဲ့တော့ပေ
အထုပ်ဆွဲ၍ အိမ်ထဲသို့သာတန်းဝင်လာခဲ့သည် အမြဲတမ်းခြောက်ကပ်နေသည့် အိမ်မှာလဲ ဒီနေလဲထုံးစံအတိုင်း မိဘတွေမှာ ကိုယ့်အလုပ်ကိုယ်စီနဲ့ကြောင့် အိမ်ထဲ၌ ထမင်းချက်တွေကလွဲမည်သူမှမရှိခဲ့
ကိုယ်မရောက်ချင်ဆုံးနေ့ရက်တွေပြန်ရောက်ရတော့မည် အန်တီနဲ့ရှိနေစဥ်တုန်းက ပျော်စရာကောင်းခဲ့တဲ့ ဒီနေရာရဲ့ အငွေ့အသက်တွေဟာလဲ ကိုယ့်အတွက်တော့ ယခုမှာတော့ အထီးကျန်စရာတွေနဲ့ပင်
"ထမင်းစားတော့မလားသမီး"
အသံလာရာသို့လှမ်းကြည့်လိုက်တာ ထမင်းချက်ကြီးမြပင်
"မစားတော့ဘူးကြီးမြ"
"သမီးဘာလို့လဲရောက်တည်းကမျက်နှာလဲမကောင်းဘူး နေမကောင်းလို့လား"
"မဟုတ်ပါဘူး ခရီးပန်းနေလို့ပါ"
"နားလိုက်ဦးလေ ဒါနဲ့ ကြီးမြပြောစရာရှိသေးတယ်"
"ဘာများလဲကြီးမြ"
"ဟိုနေ့ သမီးအဖေလေ ဟိုဘက်အိမ်ကထွက်လာပြီး အိမ်ရောက်တော့ ဧည့်ခန်းထဲငိုနေတာတွေ့လိုက်လို့"
"ရှင်ဟုတ်လား"
"ဟုတ်တယ်ကြီးမြတို့ကခြံထဲမှာလေအဲ့နေ့က ဟိုဘက်အိမ်သွားတာလဲအလောတကြီးနဲ့ပဲ ပြန်လာတော့ ငိုပါလေကော ကြီးမြတို့တောင် အတင်းတုပ်နေသေးတာ ဒီလိုယောကျ်ားကငိုသေးပါလားဆိုပြီး"
အဖေဖြစ်သူရဲ့စိတ်ကို တစ်အိမ်လုံးသိ၍ ကြောက်ကြသည့်အထိ အရှိန်အဝါရှိသူပင်ဖြစ်သည် မည်သည့်ကိစ္စများကြောင့်ငိုရသည်ကိုထူးတော့စိတ်ဝင်စားနေလေခဲ့သည်
ထိုအချိန်၌ပင် ဟိုဘက်ခြံက ကားဟွန်းသံကိုကြားလိုက်ရသည် အန်တီပင်အလုပ်ကပြန်လာခြင်းဖြစ်သည် မတွေ့ရတာကြာလို့လားမသိ ကိုယ့်အမျိုးသမီးကြီးမှာ အတော်မျှလှလာသည် ဝရံတာဘက်ကိုအန်တီမှာလဲလှမ်းကြည့်လိုက်သည် အကြည့်ချင်းဆုံခဲ့ကြပေမယ့် ဝေးကွာသွားတဲ့ဆက်ဆံရေးကြောင့်မပြုံးဖြစ်ခဲ့ကြတော့ပါ
YOU ARE READING
ဝဋ်ကြွေးလှလှ
Non-Fictionတွေ့ဆုံခြင်းက ဝဋ်ကြွေးဆိုရင်တောင် နီးစပ်ခြင်းကို အချစ်လို့ပဲခေါင်းစဥ်တပ်ပေးပါ ကံကြမ္မာရယ်....