ည7 နာရီပင် ဟိုဘက်ခြံထဲ၌ ကားယူရန်ထွက်လာခဲ့သည် ခြံထဲ၌ ဒန်းပေါ်မှာ ထိုင်နေသော ကလေးပေါက်စပင် လွမ်းနေကြောင်း ပြေးပြောပြချင်လဲ ပစ်ထားသည်ကိုအခဲမကျေကာ မသိချင်ယောင်ဆောင် ကားပဲထုတ်ရန် လျှောက်လာခဲ့သည်
"အန်တီ"
"ဘာလဲ"
"ကားလာယူတာလား"
"မမြင်ဘူးလား"
"ဘာဖြစ်နေတာလဲ အသံကြီးက"
"ဘာမှမဖြစ်ဘူး"
ကားတံခါးကိုဖွင့်၍ ကားထဲဝင်ရန်အလုပ် လက်တစ်ဖက်မှဆွဲထားခြင်းခံလိုက်ရသည်
"ဘာဖြစ်နေတာလဲလို့ အန်တီရဲ့"
"ဘာမှမဖြစ်ဘူးလွှတ်စမ်းပါ"
"တစ်ခုခုတော့ဖြစ်နေပါတယ် ထူးကိုပြောပါ ထူးဘာလုပ်မိိလို့လဲ"
ဘာလုပ်မိလို့လဲတဲ့သူလုပ်ထားတောင်သူမသိတဲ့အဖြစ်ပဲ
"ကျွန်မလက်ကိုလွှတ်"
"မလွှတ်ဘူး ပြောမပြချင်းမလွှတ်ဘူး"
ထို့နောက် ဆွဲထားသည့်လက်ကို သူ့ပါးပေါ်တင်၍ကျန်တစ်ဖက်ဖြင့်အုပ်မိုးထားခဲ့သည်
"လွမ်းနေတာ"
လက်တစ်ဖက်လုံးသူ့အသားနဲ့ထိလိုက်ရတဲ့အပြင် လွမ်းနေကြောင်းပြောပြသည်ကိုကြားလိုက်ရသောအခါ တိတ်ဆိတ်နေသောနှလုံးသားမှာ တစ်ဖန်ပြန်နှိုးထလာခဲ့ရသည် စိတ်တွေမှာလဲဆက်၍မဆိုးနိုင်အလံဖြူထောင်ပြလျက်...
ခြေတစ်လှမ်းတိုး၍ ပါးပေါ်ရောက်နေသောလက်တစ်ဖက်မှာပြန်လည်တုံ့ပြန်ကာ ညင်သင်စွာကိုင်၍
"ဘာလို့ပစ်ထားတာလဲ"
"ရှင်"
ရုတ်တရက်ကြီးနွေးထွေးလာသောကြောင့် အံ့သြနေလျက်ဖြင့်
"ဘာလို့ပစ်ထားတာလဲလို့"
"ပစ်ထားမဟုတ်ပါဘူး တကယ်မအားတာ ညဘက်အားလို့ဖုန်းဆက်ချင်ပေမယ့် အန်တီအတွက်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဒါပေမယ့် တကယ်လွမ်းနေတာပါ"
"တော်ပါ ပစ်ထားတုန်းကပစ်ထားပီး"
လက်တွေကိုပါးပေါ်မှဖြေချလိုက်ပြီးကားဘက်သို့ပြန်လှည့်လာခဲ့သည်
YOU ARE READING
ဝဋ်ကြွေးလှလှ
Non-Fictionတွေ့ဆုံခြင်းက ဝဋ်ကြွေးဆိုရင်တောင် နီးစပ်ခြင်းကို အချစ်လို့ပဲခေါင်းစဥ်တပ်ပေးပါ ကံကြမ္မာရယ်....