ကျောင်းပိတ်ရက်ဖြစ်၍ဒီနေ့တော့အိမ်ထဲ၌ပင် ဝရံတာမှဖုန်ုးသုံးနေစဥ် ဟိုဘက်ခြံထဲမှ စာဖတ်နေသည့်အန်တီအားတွေ့၍ အလုပ်မသွားရဘူးဟု ထင်မှတ်လျက် ဟိုဘက်ခြံထဲသိုပြေးသွားခဲ့တော့သည်
"အန်တီ"
"လန့်လိုက်တာရှင်ရယ်"
"ဒီလောက်ချစ်စရာကောင်းတာကိုလန့်ရတယ်လို့"
"ရုတ်တရက်ရောက်လာတော့လန့်တာပေါ့"
"ဒီနေ့အလုပ်မသွားဘူးလား"
"မသွားဘူးလေ ဒီနေ့နားတယ် ရှင်ကော"
"တူတူပဲ"
ထိုအချိန်၌ကိုနိုင်ဝင်း၏ ကားမှာခြံထဲသို့ရောက်လာ၍ ထူးမြတ်မှာပြန်ဖို့ထလိုက်သည် သို့သော်အန်တီမှ ထူးမြတ်၏လက်အားဆွဲ၍ပြန်ထိုင်နေစေခဲ့သည်
"ကိုယ်အလုပ်ထဲရောက်သေးတယ် ထား ဒီနေ့နားတယ်ဆို"
"အွန်း ဟုတ်တယ်"
နှစ်ယောက်ကြားမှာ မျက်စိမျက်နှာပျက်နေသည့်ထူးမှာ တိတ်ဆိတ်လျက်
"အားရင် ကိုယ်တို့ တစ်နေရာသွားကြမယ်လေ"
"မလိုက်တော့ဘူး သူနဲ့ချိန်းထားတယ်"
ထူးအားမေးငေါ့ပြကာပြောလိုက်သည် ထူးမှာတော့ပြူးကြောင်ကြောင်
"ဒါဆို ကိုယ်နောက်ကျသွားရပီပေါ့ဒီတစ်ခါ"
"အွန်း ဒါနဲ့ ပြောရဦးမယ် ကိစ္စမရှိပဲအိမ်ကိုခဏခဏမလာပါနဲ့ ပတ်ဝန်းကျင်မြင်ရင်မကောင်းဘူး"
"ဒါဖြင့်ကိုယ်ကမင်းကို..."
"ကျွန်မခံစားချက်ကိုရှင့်ကိုအပြီးပြောထားပီးပီဆိုတာရှင်သိပါတယ်နော်"
"ကိုယ်ကလဲမင်းကိုသူငယ်ချင်းလိုဆက်ဆံနေတာပါ"
"ရှင့်စိတ်ရှင်သိပါတယ် ရှင်ကအဲ့ထက်ပိုလွန်းနေပြီ ဒီထပ် ဆိုးလာရင် ကျွန်မသူငယ်ချင်းအကန့်ပါ ထပ်ရုတ်သိမ်းရလိမ့်မယ်"
"အိုခေ အိုခေ ကိုယ် ဆင်ခြင်ပါ့မယ် ဒီဟာကိုတော့မလုပ်ပါနဲ့ မဝေးနိုင်သေးဘူး ကိုယ်သွားတော့မယ်ဒါဆိုလဲ"
အဖြစ်အပျက်တွေမှာမြန်ဆန်လွန်း၍ ထူးတစ်ယောက်မှာဆွံ့အနေလျက်
YOU ARE READING
ဝဋ်ကြွေးလှလှ
Non-Fictionတွေ့ဆုံခြင်းက ဝဋ်ကြွေးဆိုရင်တောင် နီးစပ်ခြင်းကို အချစ်လို့ပဲခေါင်းစဥ်တပ်ပေးပါ ကံကြမ္မာရယ်....