သို့သော်ထူးမှာ ပထွေးဖြစ်သူ ပြန်လာမည်ဖြစ်သောကြောင့် စိတ်ထဲမပျော်ရွှင်နိုင် ငယ်စဥ်အချိန်အခါစိတ်ပင်ပန်းခဲ့ရတဲ့ ဘဝတွေကိုပြန်မြင်ယောင်နေ
ပထွေးဖြစ်သော်လည်းသမီးရင်းတစ်ယောက်လိုသဘောထားကာချစ်ပေမယ့် မိသားစု၏စိတ်ဆဒ္ဒကိုအလေးမထား ဒါဆိုဒါ ဟူ၍ အမြဲချုပ်ချယ်လို့ သူ့ဆဒ္ဒအတိုင်းမနေချင်တော့ အမြဲရန်ဖြစ်ရသော အတိတ်တွေမှာမပျော်ရွှင်ခဲ့ရ....
အရွယ်ရောက်လာပြီဖြစ်၍ နေတတ်ထိုင်တတ် မသိချင်ယောင်ဆောင်လာတော့ ဒီတောင်ကိုကျော်နိုင်မှာပါဟူ၍ ကိုယ့်ကိုကိုယ်အားပေးတစ်လှည့်...
ကုမ္မဏီမှ ဆက်အလုပ်လုပ်လို့မရတော့အကြောင်းလဲ အန်တီအားအသိပေးချင်လာခဲ့သည်...
"ဟဲလို"
"ဟဲလို အန်တီ"
"ဝေ့"
"လွမ်းလို့အန်တီရေ"
"ဟယ် တစ်မနက်လုံးတွေ့ထားတာညနေထိပဲကိုဘယ်လိုတွေတောင်ကဲနေရတာတုန်း"
"တကယ်လွမ်းနေတာ အသက်ထက်ပိုပြီးချစ်ရတော့ အသက်ရှုတိုင်းလွမ်းနေတယ်"
"ဒေါ်ထူးမြတ်ရေ ကျွန်မကိုညဘက်ကြီး အိုဗာတင်းတွေမတိုက်ပါနဲ့တော့"
"အိုဗာတင်းတိုက်နေတာမဟုတ်ဘူး ကြံသကာ တွေကျွေးနေတာ ရင်ထဲချို့ဆိမ့်သွားအောင်"
"ပုရွက်ဆိတ်တွေတက်လာပါဦးမယ်နော် ဆီးချိုလဲဖြစ်မှာစိုးလို့ မစားတော့ဘူးနော်"
"ဟ ဒါလဲ ငြင်းတာပဲနော်"
"ဘယ်ဖြစ်ဖြစ်ငြင်းမှာပါ အသက်ကြီးပြီကိုး"
"တော်ရုံပဲ ရက်စက်ပါရှင် နှလုံးသားကနုနုနယ်နယ်"
"ကဲကဲ ပြောစရာမရှိရင် အိပ်တော့မယ်"
"ဟိုး ဟိုး နေဦး ရှိတယ် ရှိတယ်"
"အာ့ဆိုမြန်မြန်ပြော"
"ကုမ္ပဏီကိုမေမေပြန်အပ်ရတော့မယ်"
"ဟေ ဟုတ်လား ဘာလို့လဲ"
"အမေ့ယောကျ်ားပြန်လာတော့ မေမေကဟိုကုမ္ပဏီမှာနေစရာမလိုတော့ဘူးလေ အာ့ကြောင့်"
YOU ARE READING
ဝဋ်ကြွေးလှလှ
Non-Fictionတွေ့ဆုံခြင်းက ဝဋ်ကြွေးဆိုရင်တောင် နီးစပ်ခြင်းကို အချစ်လို့ပဲခေါင်းစဥ်တပ်ပေးပါ ကံကြမ္မာရယ်....