ဒီလိုနဲ့ထူးမြတ်သည်အန်တီ့အားဤအကြောင်းတွေမပြောတော့ပါဆိုပီးဆုံးဖြတ်ချက်ချပီးအနားမှာကပ်တွယ်လေတော့သည်...
တချို့ချစ်ခြင်းတွေကငေးနေမှကိုလှတော့တာ..ဗုဒ္ဓဟူးနေ့တိုင်းထူးမြတ်အန်တီနှင့်တူတူနေ့လည်စာစားလေ့ရှိသည် ဒီကနေ့၌ အန်တီ့၏ရုံးခန်း၌ယောကျ်ားတစ်ယောက်ကိုတွေ့လိုက်ရသည်...
ခင်မင်တဲ့စိတ်ထက်ပိုတဲ့ရင်းနှီးမှုမျိုးထင်ပါရဲ့အန်တီကလိုတာထက်အများကြီးပြုံးနေတော့တာပဲထိုအမျိုးသားမှာလဲအန်တီကိုစိုက်စိုက်ကြည့်နေတော့တာအဲ့အကြည့်တွေကို ထူးရိပ်မိနေလေတော့သည်"ကိုယ်ပြန်တော့မယ်အာ့ဆိုညနေမှလာကြိုလိုက်မယ်"
"အင်းဂရုစိုက်ပြန်ဦး"
ညနေမှလာကြိုမယ်တဲ့လားရင်တွေကွဲနေရပါပီ
ရောက်ထဲကဖုန်းသုံးချင်ယောင်ဆောင်ပီးသူတို့နှစ်ဦးအားငေးနေသည့်ထူးအားအန်တီမှ
"ဟိတ်ရောက်နေတာကြာပီလား"
"ရောက်နေတာတောင်မမြင်ဘူးပေါ့"
"အင်းလေ"
"တော်တော်ကြည်နူးနေကြတာပဲကိုဘယ်မြင်နိုင်ပါ့မလဲ"
ရွဲ့ပြောလိုက်ကာ"ဒီမယ်မင်းစကားဘယ်အထိရောက်သွားပီလဲဆိုတာမင်းသိလား"
"ဘယ်အထိရောက်သွားလို့လဲ"
"မင်းသိအောင်ပြောလိုက်ဦးမယ်နော် ကျွန်မဘာသာဘယ်သူနဲ့ဘယ်လိုကြည်နူးဘယ်လိုပဲပျော်နေပါစေ မင်းမှာပြောပိုင်ခွင့်မရှိဘူး မင်းနဲ့တို့လဲဘာမှမဆိုင်ဘူး"
"အော်"
ရုတ်တရက်မျက်ရည်များမထိန်းနိုင်အောင်ကျလာတော့သည် ဘာမှမဆိုင်ဘူးတဲ့လေ...
အန်တီမှာလည်းတော်တော်ပင်ဒေါသထွက်နေတော့သည်
ဝမ်းနည်းနေသည့်အခါဘယ်လိုမှထိန်းမရနိုင်အောင်ကျလာသည့်မျက်ရည်များကိုမုန်းသည်"ဟုတ်ပါတယ် အန်တီကို ကျွန်တော်မှမပိုင်တာ"
မျက်ရည်များသုတ်ကာ ပြောနေပေမယ့် အန်တီသည်မှာတစ်ချက်မှမကြည့် ခပ်တန်းတန်း
"ထူးတောင်းပန်ပါတယ်နော် နောက်မပြောတော့ပါဘူး ဘာမှလဲဝင််မပါတော့ဘူး တောင်းပန်ပါတယ်"
သူစကားလွန်သွားခဲ့သည်ကိုလဲ ထားခက်သိသည်"အန်တီဗိုက်ဆာနေပီ မင်းကိုစောင့်နေတာ ထမင်းစားမယ်"
ဘာမှဆက်မပြောချင်၍စကားကြောင်းသာလွှဲခဲ့သည်...ထို့နောက်ထမင်းစားရန်ပြင်ဆင်ကြတော့သည်
ထားခက်နဲ့ထူးသည် အိမ်ထမင်းကိုမှစားရတာနှစ်ခြိုက်ကြသူများဖြစ်၍ အိမ်မှသယ်လာသောထမင်းချိုင့်နဲ့သာစားသည်. .."ထူးအန်တီကိုဘာလို့သဘောကျရတာလဲ"
အန်တီဟာရုပ်တည်ဖြင့်သာထမင်းစားနေရင်းမေးလိုက်သောအခါ ထူးမှပြုံး၍
"သဘောကျတယ်ဆိုတာက ခဏအတွက်ပဲအန်တီရဲ့ ထူးကမြတ်နိုးတာ"
"ချစ်တာထက်ပိုပီးမြတ်နိုးမိသွားတာ"
"တော်ကီကတော့တကယ်ကောင်းပါ့ဒီလိုမျိုးကောင်မလေးဘယ်နှစ်ယောက်ခြွေခဲ့ပီးပီလဲ"
"ဟားဟား ထူးကကောင်မလေးတောင်မထားဖူးဘူးနော် ကောင်လေးပဲထားဖူးတာ"
"ထူးက lesbian မဟုတ်ဘူးလား"
"ဟင့်အင်း ထူးက straight စစ်စစ်ပါ"
"ဟင်ဘယ်လိုကြီးလဲနော် ကျွန်တော်လို့လဲပြောပြောပီး ဆေးလိပ်တွေလဲသောက် ကျွန်မကိုလဲချစ်တယ်ပြောပီး lgbt မဟုတ်ဘူးဆိုတော့ မင်းကစားနေတာလား "
"ဟယ် မဟုတ်ရပါဘူး ထူးကfree style နေတာပါ အန်တီနဲ့မှ ထူးက ဒီ feeling ကိုခံစားဖူးတာ ကောင်လေးတွေထားခဲ့ဖူးပေမယ့် အချစ်ကိုအန်တီနဲ့မှခံစားမိတာ အန်တီနဲ့မှ gay ရပီပေါ့ ပြောရရင်"
"မင်းနှယ့် နားကိုမလည်တော့ပါဘူး ဖြစ်နိုင်ရင်ကျွန်မကိုမချစ်စေချင်ဘူး ဒီအတိုင်းခင်မင်တဲ့စိတ်ပဲရှိနေပါလား ကြာရင်မင်းပင်ပန်းတယ်"
"ချစ်တဲ့စိတ်က တားဆီးလို့ရမှာတော့ ဒီလောက်အောက်ကျခံမနေပါဘူး မေ့လိုက်တာကြာရောပေါ့ အန်တီမချစ်လဲ ကျွန်တော်ချစ်ဦးမှာ"
ထားခက်ဤစကားကိုသဘောကျသည် ဇွဲမလျော့ဘူးဆိုတဲ့စိတ်ဓာတ်ကိုမြင်ရသည်ကို..
အန်တီဟာနားလည်ရခက်ပီးစိတ်အပြောင်းလဲမြန်တတ်မှန်း ကြာလာတော့သိလာခဲ့သည်သံယောဇဥ်တွေတဖြည်းဖြည်းတိုးလာကြပေမယ့် ထူးက တော့ဂျစ်ကန်ကန်ဖြင့် ခံစားချက်မှန်သမျှတော့မြိုသိပ်ထားတတ်ကာနေတတ်သူဖြစ်ကြောင်းလဲ တဖြေးဖြေး ထားခက်အကဲခတ်မိလာခဲ့သည်...
ထူးမှသူ့အား အတော်ချစ်ကြောင်းလဲသတိထားမိလာခဲ့သည်ထားခက်၏နေ့ရက်တွေတိုင်းထူးမြတ်အမြဲလိြလိုပါနေလေ့ရှိလာခဲ့သည် မိန်းကလေးလိုတစ်မျိုး ယောကျ်ားလေးလိုတစ်မျိုး အမြဲပြောင်းလဲနေတတ်သည့်ထူးကိုလဲ ထားခက် နားလည်ပေးဖို့ကြိုးစားနေရသည်
YOU ARE READING
ဝဋ်ကြွေးလှလှ
Non-Fictionတွေ့ဆုံခြင်းက ဝဋ်ကြွေးဆိုရင်တောင် နီးစပ်ခြင်းကို အချစ်လို့ပဲခေါင်းစဥ်တပ်ပေးပါ ကံကြမ္မာရယ်....