Part 5

411 22 0
                                    

ဒီကနေ့ထူးလှည်တန်း၌ သူငယ်ချင်းတစ်ယောက်နဲ့မုန့်စားဖြစ်
"ရွှေရွှေ ငါတို့လဲမတွေ့ရတာတော်တော်ကိုကြာနေခဲ့ပီနော်"
(သူငယ်ချင်းယွန်းပြည့်မှ)
ယွန်းပြည့်ဆိုသည်မှာ ထူးမြတ်၏ သူငယ်တန်းထဲမှပေါင်းလာသော သူငယ်ချင်းပင်ဖြစ်သည်

"ဟုတ်ပါ့ဆို ငါ့လဲနင့်ကိုတွေ့ချင်တာဒီရက်ပိုင်းတွေ ဒါနဲ့နင်ကျောင်းကိုကော သွားဖြစ်သေးလား"

"သွားဖြစ်တာပေါ့ ဟိုမှာ Guide ပြန်လုပ်ပေးနေတာလေ ဒါကြောင့်နင့်နဲ့တွေ့ဖို့မအားတာ"

"ဟယ်အကြောင်းတောင်မကြားဘူး လုပ်နေပီလား"

"ရှေ့လကစလုပ်တာပါ နင်လဲအလုပ်ကြီးပဲဖိလုပ်မနေနဲ့ဦး ကျောင်းလဲလာဦး နင့်မမက နင့်ကိုမျှော်နေတာ"

"လာချင်ပါတယ်ဟာ အလုပ်ကလုံးဝကိုမအားတာ နင်နဲ့တွေ့ဖို့ဒီနေ့ကိုတောင် ငါ့မှာရှိတဲ့အလုပ်အကုန်ဖျက်လာရတာ"

"ဟုတ်ပါပီကွာ ဒါနဲ့ဟိုတစ်ယောက်ကပြန်လာသေးလား"

"ဘယ်သူလဲ"

"နင့်ကိုကို ကိုခန့်မင်းလေ"

"တော်ပါကွာ ပြတ်သွားလဲတော်တော်ကြာနေပါပီ နောက်စော်တောင် ရနေလောက်ပါပီ"

"ဒီတစ်ခါတော့ သူနင့်ကိုတကယ်စိတ်နာသွားပီ ထင်တယ် သနားပါတယ်"

"ဒါကသူ သောက်ကြောင်းပါကွာ"

"နင်ကလေအသည်းနှလုံးမရှိတဲ့မိန်းမပဲ နင်တို့တွဲလာခဲ့တာ တစ်နှစ်ကျော်ကြီးကိုမလွမ်းဘူးလား"

"သံယောဇဥ်တော့ရှိပေမယ့် မလွမ်းပါဘူး လွမ်းဖို့လဲအချိန်မရှိဘူး ငါ့မှာအခုချစ်ရမယ့်သူရှိနေပီ"

"ဟယ် ဟုတ်လား နောက်တစ်ယောက်လား ဆင်လားဆင်လား"

"ဆင်လားမဆင်လားတော့မပြောတတ်ဘူးအသက်ကတော့40ကျော်"

"ဟေ နင်ဘယ်လိုဖြစ်လို့ အဲ့အရွယ်ကြီးကိုကြိုက်ရတာတုန်း Sugar Daddy လိုချင်လို့လား"

"Mommy ဟ Mommy "

"ဗုဒ္ဓေါ ဘာတွေလဲရှင်းအောင်ပြောစမ်းပါ"

"ဒီလိုကွာ ငါအန်တီတစ်ယောက်ကိုကြိုက်နေတာ အလုပ်ထဲမှာ တွေ့တာ"

"ဟယ် နင်gay ပီလားဘယ်လိုဖြစ်သွားတာတုန်း"

"ငါလဲမသိဘူးကွာ ဘာတွေဖြစ်သွားမှန်း အန်တီ့ကိုတွေ့ထဲက ချစ်မိသွားတာ စကားပြောပုံ အမူအယာတွေ သူ့ဖြစ်တည်မှုကအစ တအားတွေသဘောကျလိုက်တာဆိုတာ"

"သွားပြီ ရွှေရွှေရယ် နင်တော့ ပြုစားခံလိုက်ရပြီထင်တယ်"

"ပြုစားတာမကလို့ ဆွဲစားသွားလဲ အဆင်ပြေတယ် အန်တီမှအန်တီပဲ"

"ငါမြင်ဖူးချင်လိုက်တာ straight စစ်စစ်ကြီးကိုကွေးသွားအောင် လုပ်နိုင်တဲ့ နင့်အန်တီကို ထားပါတော့ကွာ အဲ့တော့အခြေအနေကတော့ဘယ်လိုလဲ"

"မကောင်းပါဘူးကွာအခြေအနေကတော့ အန်တီကငြင်းတယ်"

"ဟားဟား" ခွက်တိုးခွက်လန် ရယ်ချလိုက်သည်

"မရယ်နဲ့ ကောင်မစုတ်ရဲ့"

"ငြင်းခံရမှာပေါ့ 40 ကျော်သွားကြိုက်မှတော့ ပါးကောချခံလိုက်ရသေးလား"

"မချခံရပါဘူးဟ ဒါပေမယ့် သူငြင်းတော့ ငါငိုမိတယ် သိလား တကယ်ချစ်မိသွားတာထင်တယ် ဘယ်လိုမှ move on လို့လဲမရဘူး သူ့အနားမှာပဲနေချင်တာ ချစ်ပီးကိုချစ်ချင်နေတော့တာ

"အဲ့တော့ ခုအခြေအနေကဘယ်လိုဆက်ဖြစ်နေလဲ"

"ငါကမနေနိုင်တော့လည်း ငြင်းလဲအရှက်မရှိပေါ့ အနားတော့နေခွင့်ပေးဖို့တောင်းဆိုလိုက်တယ်"

"နင်က တော့ သေချာပေါက် ကိုခန့်ဝဋ်တွေလည်တော့မှာ"

"အဲ့လိုမပြောပါနဲ့ ကိုခန့်ကိုလဲငါချစ်ခဲ့ပါတယ်ဟ"

"ဟုတ်ပါပီ မယ်မင်းကြီးမရယ် ဘယ်လိုဖြစ်ဖြစ်ချစ်တယ်ဆိုရင်လဲဆက်ကြိုးစား တစ်နေ့တော့ပြန်ချစ်လာမှာပါ နင်လုပ်နိုင်ရင်တော့"

"အေးပါကွာငါကြိုးစားမှာပါ"

သူငယ်ချင်းနှစ်ယောက်ရီရီမောမောစကားတွေပြောခဲ့ပြီးသည့်နောက်မှာ အိမ်ပြန်ရင် လမ်းခွဲလာခဲ့ကြသည်

ကားပေါ်သိုအိမ်ပြန်ရန်အတက်မှာပင်

အန်တီအား ယောကျ်ားတစ်ဦးဖြင့် ကော်ဖီဆိုင်မှာထိုင်နေသည်ကိုမြင်လိုက်ရသည်
ထိုသူမှာတခြားမဟုတ် ရုံးခန်းထဲ၌ တွေ့ခဲ့ဖူးသောလူပင်...
ကိုယ်ချစ်တဲ့သူကိုတခြားသူတစ်ဦး နဲ့ပျော်နေတာမြင်လိုက်ရသောအပူသည် အရှင်လတ်လတ် ငရဲကြနေဟန်

ရင်ထဲအပူမီးဖြင့် ထိုမြင်ကွင်းကိုဆက်မကြည့်ပဲ အိမ်ပြန်လာခဲ့သည်...

ဝဋ်ကြွေးလှလှWhere stories live. Discover now