ထားခက်ကတော့message ဖက်ပြီးပြုံးလိုက်ကာ
"တကယ်တည်းနော် လူကိုလဲသူ့အပိုင်ကျလို့ ဟန်နီတဲ့"
ပြောသာပြောနေပေမယ့် ရင်ထဲမှာတော့ ကြည်နူးနေသော ဒေါ်ထားခက်ပင်
Nickname ပေါင်းများစွာနဲ့ခေါ်တတ်ပြီး ချွဲတတ်တဲ့အကျင့်တွေကိုအန်တီ့သဘောကျနေသည်
သီချင်းလေးညဥ်းကာ လှေကားမှထားခက်ဆင်းလာ၍
"မကြာခင််မှာကြင်နာမယ် သူ့ကိုအဖြေပေးလိုက်တော့မယ်"
"မမ နင့်ရီးစားရနေပီလား"
မောင်ဖြစ်သူ နေဟိန်းမှ"ဟယ် ပေါက်ကရနော် ငါအပျိုကြီးလုပ်မှာပါအေ"
"နင်ကြည့်ရတာဒီရက်တွေမရိုးဘူး"
"နင်လဲငါ့ပဲလိုက်ကြည့်နေ ကိုယ့်မိန်းမလဲကိုယ့်ကြည့်ဦး"
ရန်တွေ့ကာရုံးသွားရန်ကားပေါ်သို့တက်သွားတော့သည်...
"မင်္ဂလာပါရှင့် ဝင်ခွင့်ပြုပါ"
တံခါးဖွင့်ထားသော ရုံးခန်းဝ၌ ထိုအသံကိုကြားကာ မော့ကြည့်လိုက်သည်
"ဟယ် ဒေါ်ဟေမန် ခုမှလာရသလား"
ဟေမန်မျိုးထက်ပင် ထားခက်၏အချစ်ရဆုံးသူငယ်ချင်းသာဖြစ်သည်...
"ထားလေးကိုလွမ်းလို့ပေါ့ရှင်"
"တော်စမ်းပါအေ ပစ်တုန်းကပစ်ထားပြီး"
"မပစ်ထားရပါဘူး အလုပ်ကိစ္စတွေနဲ့နယ်ထွက်နေရတာ ဒီနေ့မနက်မှ ပြန်ရောက်လို့ ချက်ချင်းရှင့်ဆီထွက်လာတာ"
"ဖုန်းလေးတောင်ဆက်ဖော်မရဘူး"
"စိတ်ကောက်မနေပါနဲ့တော့ဆရာမရယ်မုန့်ကျွေးပါ့မယ်"
"ပီးတာပဲ"
စကားအေးဆေးပြောရင်ကော်ဖီဆိုင်သို့ထွက်လာခဲ့ကြသည်
"အလုပ်ကိုင်အခြေအနေကောအဆင်ပြေရဲ့လားဒေါ်ထား"
"ဒီလိုပါပဲကွယ်"
"ဒါဆိုအချစ်ရေးရော"
"နိုင်ငံရေးတွေပါမလာနဲ့အေ"
"ဟားဟားပြောပြစမ်းပါဦး ကိုနိုင်ဝင်းနဲ့အခြေအနေ"
"ဇွဲလုံ့လက အသက်အရွယ်ကြီးမှ လာကောင်းပြနေတာ ခုမှ နုနုရွရွတွေလာလုပ်နေတယ်သူကတော့"
YOU ARE READING
ဝဋ်ကြွေးလှလှ
Non-Fictionတွေ့ဆုံခြင်းက ဝဋ်ကြွေးဆိုရင်တောင် နီးစပ်ခြင်းကို အချစ်လို့ပဲခေါင်းစဥ်တပ်ပေးပါ ကံကြမ္မာရယ်....