Part 6

396 21 0
                                    

ညဘက် 10 နာရီခန့်ရှိပြီ ညနေကမြင်ကွင်းကိုပဲထပ်တလဲလဲမြင်ယောင်နေသည့်ထူးဟာ ညဘက်မှာလဲအိပ်မပျော်နိုင် အန်တီစိတ်ကိုလဲနားမလည်နိုင် ပိုင်ရှင်ရှိရင်လဲ သူ့ကိုပြောသင့်သည်ဟုလဲ ယူဆကာ အားမလိုအားမရဖြင့် အန်တီအား ဖြစ်ချင်ရာဖြစ်ဟုဆို၍ ဖုန်းခေါ်ကာ

"ဟဲလို"

အန်တီကလူပင်လှတာမဟုတ် ဖုန်းထဲပြောသည့်အသံကပါပြိုဆင်းချင်စရာ

"အန်တီဘာလုပ်နေလဲ အားလား"

"စာဖတ်နေတာ ဘာဖြစ်လို့လဲ"

"ထူးညနေက အန်တီကိုလှည်းတန်းမှာတွေ့လိုက်တယ် ဟိုတစ်ယောက်နဲ့"

"ဟုတ်လား အဲ့တာများလာနှုတ်ဆက်တာမဟုတ်ဘူး"

"အဝေးကနေမြင်တာတောင်အဆင်မပြေလို့ချက်ချင်းပြန်လှည့်လာတာ"

"ဟောရှင် ဖြစ်ရမယ်"

"အန်တီ သူနဲ့ပက်သက်မှုကဘာလဲ ခဏခဏသူနဲ့တွေ့နေရတယ်နော် အန်တီ့ရီးစားလား"

"ပေါက်ကရတွေ ဒီအတိုင်းငယ်သူငယ်ချင်းတွေပါကွာ"

"တော်သေးတာပေါ့ ဒါနဲ့ အန်တီ"

"အင်း"

"ပြန််မချစ်ချင်ပေမယ့် အချစ်ခံရတာတော့အန်တီကြိုက်တယ််မလား"

"လူပဲကိုယ့်ကိုချစ်တာကိုတော့ကြိုက်တာပေါ့"

"ဒါဖြင့်ထူးလဲအချစ်ခံချင်သေးတယ်လေ"

"ဒါဆိုလဲကောင်လေးတစ်ယောက်လောက်ထပ်ထားကြည့်ပေါ့"

"အန်တီကလွယ်လိုက်တာ ထူးက အန်တီ့ကိုပဲချစ်တာလေ အန်တီ့ဆီကပဲအချစ်ခံချင်တာ"

"အန်တီကဘယ်လိုလုပ်ပေးရမှာလဲအဲ့တော့ ထူးကိုအန်တီချစ်ပါဆိုပီးတောင်းဆိုခဲ့လို့လား အချစ်ကအတင်းလုပ်ယူလို့မရဘူး ဆိုတာတော့ထူးလဲသိမှာပါ"

"ထူးကိုနည်းနည်းလေးတောင်မစဥ်းစားပေးချင်ဘူးလား"

"အမှန်တိုင်းပြောရရင် ထူးကိုသံယောဇဥ်တော့တွယ်မိပေမယ့် ဟိုလိုချစ်လို့တော့မရဘူး"

"အော် ပွင့်ပွင်လင်းလင်းပြောပြလို့ ကျေးဇူးတင်ပါတယ် ဒါဆိုယောကျာ်းလေးပဲရွေးချယ်မှာပေါ့နော်"

"ဘယ်ဟုတ်ပါ့မလဲ ဒို့ချစ်လာပီဆို အဲ့လူက ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် လက်ခံလိုက်ဖို့အဆင့်သင့်ပဲ"

"အင်း ကောင်းသောညပါအန်တီအိပ်တော့မယ်"

တစ်ဖက်ကအသံကိုမစောင့်တော့ပဲဖုန်းချလိုက်ကာမျည်ရည်တွေနဲ့  သွေးမထွက်ပဲရင်ထဲနာကျင်နေရသည် ကိုယ်ကိုအမြဲမဆို ငြင်းနေသည့်ဒီအမျိုးသမီးကိုမှချစ်မိရတာကလဲ ဝဋ်ကြွေး
ကြောင့်နေမှာပါ

"အန်တီရေ အရမ်းချစ်ရပါတယ် တွေ့ဆုံရခြင်းဟာဝဋ်ကြွေးဆိုရင်တောင် တော်တော်လှတာပဲ"

ထားခက်မှာလည်း စကားလွန်သွားခဲ့သည်ကိုသိသော်လည်း ဘယ်လိုမှမတတ်နိုင် ထူးကိုသနားမိသည်သာအမှန်ပင် ရွေးချယ်ကြည့်ဖို့ ဆုံးဖြတ်မိတိုင်း ကိုယ်ကြောင့်ပျက်စီးသွားမည် သူအနာဂတ်ကိုမလိုလား ရင်ခုန်သံတွေဟာလဲအဖြေအတိအကျမရှိ အတွေးများစွာဖြင့်ခေါင်းရှုပ်နေရသည်အမြဲလိုလိုဤကိစ္စကြောင့်

သို့သော် ထူးမှာဘယ်လိုပြောပြောဇွဲမလျော့ တွယ်ကပ်ပီးရင်းတွယ်ကပ် ချစ်မိတော့လဲအရှက်မရှိပေါ့...

ကိုယ်ဘယ်လောက်ငြင်းငြင်း ထွက်မသွားသောအမျိုးသမီးလေးကို သနားလာခဲ့ကာအတတ်နိုင်ဆုံးနဲ့အကောင်းမွန်ဆုံး ဆက်ဆံပေးဖို့ဆုံးဖြတ်ခဲ့သည် သံယောဇဥ် မှာလဲ တဖြေးဖြေး တိုးလာပြီး ကိုယ့်ဘဝမှာလဲ သူကြောင့်အမြဲဆိုသလိုပျော်နေပြုံးနေရသောကြောင့် အနည်းငယ်မျှ သူ့အတွက်စဥ်းစားချင်လာခဲ့..

ဝဋ်ကြွေးလှလှWhere stories live. Discover now