Part 14

374 17 1
                                    

ကျောင်းဝန်းထဲသို့ရောက်ရှိခဲ့သည်
သစ်ပင်အိုကြီးတွေရှိသောကျောင်းဝန်းပင် သစ်ပင်အောက်မှာစာကျက်နေကြသောကျောင်းသားတစ်ချို့ ကိုတွေ့လိုက်ရသည် ထို့နောက် နှစ်ထပ်တိုက်ရှိသော ကျောင်း ထဲသို့ဆက်လျှောက်လာခဲ့သည် အထဲ၌ ဆယ်တန်း ကျောင်းသာကျောင်းသူ များနှင် Guide ပေါက်စဆရာမလေးတွေနဲ့ ဦးဇ္ဇင်းတစ်ပါးပင်ဖြစ်သည် စာကျက်သူများနှင့် စာဖြေသူများနှင့် အလုပ်ရှုပ်နေကြသည်

"တော်သေးတာပေါ့ ရောက်လာလို့်မလာတော့ဘူးများလားလို့"

"ဖုန်းထဲမှာ လာမယ်လို့ ပြောထားတာကို ဦးဇ္ဇင်းကလဲ ကားတွေပိတ်နေလို့"

"အင်္ဂလိပ်ဆရာမက သူအမေ ဆေးခန်းပြရမှာမို့လဲခိုင်းထားတာမနေ့ထဲက ငါကလဲမနက်မှပဲသတိရသွားတာ"

"ဦးဇ္ဇင်း ကရက်စက်ပီ တပည့်တော်က အားတယ်ထင်ပီး အေးဆေးနေနေတာ ဧည့်သည့်ပါခေါ်လာရပီ"

"ဟား ဟား နဲနဲlesson လိုက်ပေးတာပါ"

"ကျေးဇူးတင်ပါတယ်ရှင် ဦးဇ္ဇင်း ဒါကတပည့်တော်တို့ ဘေးအိမ်က အန်တီ နာမည်က ထားခက်ခက်နွယ်"

"မင်္ဂလာပါဦးဇ္ဇင်း"

"မင်္ဂလာပါ ဒါကာာမလေး"

"ကျောင်းအတွက်လိုအပ်တာများရှိရင်တပည့်တော်မကိုပြောပါနော် လှုဒါန်းချင်လို့ပါဘုရား"

"လောလောဆယ်တော့အလှုရှင်တွေလှုထားတာရှိလို့ မလိုသေးဘူး လိုအပ်ရင်ပြောလိုက်ပါ့မယ်"

"တင်ပါ့ဘုရား"

"ဒါဆိုလွတ်လွတ်လပ်လပ်ထိုင်စောင့်နေလိုက်ဦး ဦးဇ္ဇင်း ဘုရားပေါ်ကြွဦးမယ် ရွှေဇင်လဲအပေါ်တက်သင်တော့ ကလေးတွေစောင့်နေတယ်"

"တင်ပါ့ဘုရား"

"ထူးအပေါ်တက်တော့မယ် အန်တီအောက်မှာပဲစောင့်နေနော် ဘယ်မှမသွားနဲ့နော်"

"အမယ်လေးဟုတ်ပါပီ သွားမှာသာသွားစမ်းပါ"

"ရူပါတို့တီချယ်ဧည့်သည်ကိုကော်ဖီလေးတိုက်လိုက်ဦး"

"ဟုတ်တီချယ်လေး"

"စိတ်ချမယ် နော် တို့ဧည့်သည်ကိုအပ်ခဲ့မယ်"

ဝဋ်ကြွေးလှလှWhere stories live. Discover now