"နှစ်ရက်ကျန်သေးတာ ကထိန်ပွဲလဲပြီးပြီဆိုတော့ အစ်မတို့ ဘုရားသွားကြမလား"(သွန်းမှ)
"ကျိုက်ထီးရိုးလား"
"အွန်းဟုတ်တယ်လေ"
"ကောင်းတာပဲသွားကြမယ်လေ"
"ဒါဆိုညနေလောက်ခြေကျင်တက်ကြမယ်ကျောင်းသားတွေနဲ့"
"ဟုတ်အစ်မ"
ဤအကြောင်းကို အန်တီအားပြောပြရန် ဖုန်းကိုဖွင့်လိုက်သည် ဖုန်းထဲက sms တွေကိုမြင်လိုက်ရသည်မှာ မိမိရင််ဘက်ထဲသို့ လက်နက်ပေါင်းများစွာ ပစ်ထည့်လိုက်သလို အလွန်နာကျင်ရသည်
"အန်တီတို့လမ်းခွဲရအောင် အန်တီနဲ့ကိုနိုင်ဝင်းပြန်အဆင်ပြေသွားပြီ ပြီးတော့မင်းကိုလဲအန်တီတကယ်မချစ်ခဲ့ပါဘူး"
ထိုsms ကိုမြင်မိသည့်နှင့်တပြိုင်နက် ရုတ်တရက်ခွေကျသွားကာ မျက်ရည်များစီးကျလာခဲ့သည်
"ထူးမြတ် ဘာဖြစ်တာလဲ ဘာဖြစ်တာလဲလို့"(သွန်းမှ)
ဖုန်းအားထုတ်ပြလိုက်ကာ သွန်းရင်ခွင်ထဲသို့အတင်းတိုးဝင်ကာ ငိုချလိုက်သည်
"သူထားသွားပြီအစ်မရာ သူထူးကိုကစားသွားပြီ"
"ဒီကိုကြည့်စမ်း ထူး အစ်မမျက်နှာကိုကြည့် ဝမ်းနည်းတယ်မှလား နာလဲနာကျင်တယ်မှလား အကုန်ငိုချလိုက် ပြီးရင်တော့ ထူးမေ့ရမယ် စိတ်နာရမယ်"
"မေ့နိုင်မှာမဟုတ်ဘူး"
"မဖြစ်နိုင်တာမရှိဘူးထူး ထူးကသူ့ဘဝအတွက် ဧည့်သည်နေရာပဲ ကံပါလာခဲ့တာ ဒါမှမဟုတ်ရင်လဲ ပေးဆပ်ရဖို့ ဝဋ်ကြွေးပါလာခဲ့လို့ ခုဇာတ်လမ်းပြီးသွားပြီ ထူးဝဋ်ကြွေးကျေပြီလို့မှတ်လိုက်တော့"
"ထူးသူမရှိရင်သေလိမ်မယ့် မနေနိုင်ဘူး"
"သူကကော ထူး သူကကော သူကထူးမရှိပဲနေနိုင်လို့ ဒီလိုလုပ်ရက်တာလေ စိတ်မနာဘူးလား"
"ဘယ်လိုလုပ်ရမလဲ ဘာဆက်လုပ်ရမလဲ"
"အစ်မပြောတာနားထောင် မေ့လိုက် အိမ်ပြန်ရင် သူရှေ့မှာဘာမှမဖြစ်သလိုနေလိုက်"
ခေါင်းငြိမ့်ကာ သွန်းအားဖက်၍ ငိုနေခဲ့သည်
"ကလေးရယ်"
YOU ARE READING
ဝဋ်ကြွေးလှလှ
Non-Fictionတွေ့ဆုံခြင်းက ဝဋ်ကြွေးဆိုရင်တောင် နီးစပ်ခြင်းကို အချစ်လို့ပဲခေါင်းစဥ်တပ်ပေးပါ ကံကြမ္မာရယ်....