Part 9

367 20 0
                                    

စားပွဲ၌ မေးပေါ်လက်ထောက်က ဟေမန်ပြောသောစကားတွေကို ပြန်လည်စဥ်းစားနေ...

ထိုအချိန်မှာပင်ထူးရောက်လာသည်

"အန်တီ အားလားခု"

"အားတယ်လေ ဘာဖြစ်လို့လဲ"

"ဘုရားသွားရအောင်လေ"

"သွားမယ်လေ မရောက်တာလဲကြာနေပီ"

ညနေခင်းဖြစ်နေ၍ ကားလမ်းများမှာရုံးဆင်းချိန်ကြောင့်ပိတ်နေသော်လည်း ဘုရားပေါ်မှာတော့ လူအနည်းငယ်သာရှိသည်

ခေါင်းလောင်းသံတွေကြေးစည်သံတွေ ဘုရားရှိခိုးသည့်အသံတွေကြားရသည်မှာ တစ်နေ့လုံးပင်ပန်းလာသမျှက ဘုရားပေါ်ရောက်မှ စိတ်အေးချမ်းရသည်...

ပိုပီးအေးချမ်းရသည်မှာ ဘုရားရှိခိုးနေသော ကိုယ့်ဘေးနားကအမျိုးသမီးကြီးကိုငေးကြည့်ခြင်းပင် ဤအမျိုးသမီးကြီးသည် တခါတလေမာကျောခက်ထန်ပေမယ့် ကျက်သရေရှိကာ မြင်တဲ့လူတိုင်း အေးချမ်းသွားစေမည့် မျက်နှာမျိုး....
လှပလွန်းသည်မှာဤအခြေအနေကိုဘယ်ပန်းချီရေးလို့မှမမှီ...

"ဟော ဘာလို့ကြည့်နေတာ"

"အန်တီကအရမ်းလှတာပဲ"

"ခုမှသိတာလား"

"ဟားဟား ခုမှဒီလိုမျက်နှာလေးနဲ့အမျိုးသမီးကိုမြင်ဖူးတာကို တွေ့ဖူးသမျှအမျိုးသမီးတွေထဲအန်တီ့အလှဆုံး"

"မနေတတ်တော့ဘူးနော် အရမ်းကိုမြောက်နေပီ"

"မြောက်သွားပါစေ ဘယ်လောက်မြင့်မြင့် အောက်ကနေဖမ်းထားပေးမယ်"

"ဟားဟား နိုင်မှာလဲမဟုတ်ပဲနဲ့"

"အန်တီ"

"ပြောပါ"

"ဒီအတိုင်းမနေချင်တော့ဘူး"

"ဘယ်လိုနေချင်လို့လဲ"

"အန်တီကိုပိုင်ဆိုင်ချင်လိုက်တာ"

"ရင်ဆိုင်ရမယ့်အခက်အခဲတွေကအများကြီး လက်တည့်မစမ်းချင်ပါနဲ့နော် ကျွန်မကအသက်ကြီးနေပါပီ ရှင်ကခုမှအညွှန့်လေးပဲရှိသေးတာ"

ဒီတစ်ခါတော့စိတ်အေးအေးဖြင့်သေချာရှင်းပြပြီးငြင်း  ဘုရားတန်ခိုးကြောင့်သာဖြစ်မည်ထင်တယ်:)..

"အန်တီသာအနားမှာရှိရင်ထူးကဘာမဆိုရင်ဆိုင်ရဲတယ် အန်တီကိုအရမ်းချစ်တာပါ"

"ကျေးဇူးတင်ပါတယ် ကျွန်မကိုချစ်ပေးလို့ အမှန်တိုင်းဝန်ခံရရင် အန်တီလဲထူးအပေါ်သံယောဇဥ်ရှိပါတယ် ဒါပေမယ့် ဒီအတိုင်းလေးပဲနေကြတာကောင်းမယ်"

"အန်တီသဘောပါ အနားနေခွင့်ရရုံနဲ့ကျေနပ်ပါတယ် တစ်ခုတော့တောင်းဆိုလို့ရလား"

"ပြောလေ "

"လက်လေးကိုင်ချင်လို့ရလား"

"မရဘူး ကဲမလာနဲ့နော် ဘုရားပေါ်မှာ"

"တစ်ခါထဲပါကိုင်ကြည့်ချင်လို့"

မျက်နှာငယ်ဖြင့်ခွင့်တောင်းနေသော်လည်း ခွင့်ပေးသည်ကို မစောင့်ပဲ ဇက်ခနဲ ကိုင်လိုက်တော့သည် သတ္တိကတော့ပေါ့သေးသေးမဟုတ်

"ဟ ထူးမြတ်"

"ဟီး"

အန်တီမှာလည်းဘာမှပင်ဆက်မပြောတော့ မသိချင်ယောင်ဆောင်၍ ငြိမ်နေပေးလိုက်တော့သည်

ငြင်းလိုက်ပြန်ရင်အော်ကြီးဟစ်ကျယ် ရန်ဖြစ်ရမှာစိုး၍ အလိုက်တသင့်သာနေပေးခဲ့

လက်ဖဝါးနုနုဖြူဖြူလေးအား အမြတ်တနိုးဆုပ်ကိုင်၍ လက်ဖမိုးအား လက်မလေးဖြင့် ပွတ်သပ်ကာ နမ်းလိုက်သည်

"ဘာလုပ်တာလဲ ကိုင်ပဲကိုင်မှာဆို"

"အသည်းယားပီးနမ်းချင်လာလို့"

"ဒီဟာလေးတော့ ခေါင်းခေါက်ခံချင်နေပီထင်တယ်"

လက်ကိုပြန်ရုတ်သိမ်ထားလိုက်သည်...
အပျိုကြီးတော့ရင်တွေခုန်ပေမယ့် ဘာမှမဖြစ်သလိုဟန်ဆောင်ကောင်းနေတုန်း...

အော်ခံရပေမယ့် နမ်းလိုက်ရတော့ကျေနပ်နေသောထူး...

ဝဋ်ကြွေးလှလှWhere stories live. Discover now