Part 10

386 23 0
                                    

ကုမ္ပဏီချင်းဝေးပေမယ့် ထူးမြတ်ကတော့အိမ်ဦးနဲ့ကြမ်းပြင်အတိုင်း ဝင်လိုက်ထွက်လိုက် အန်တီကုမ္ပဏီကို

ဒီကနေ့လဲ အန်တီ့ကုမ္ပဏီဆီသွား၍ ရုံးခန်းထဲရှိအန်တီ့အား ပြေးဖက်ကာ ကြောင်တစ်ကောင်လိုချွဲနေ၍ အန်တီခါးအားဖက်ထား၍ ကျောကိုမေးတင်၍မှီထားကာ

ရုတ်တရက်ဖြစ်ကာ အဖြစ်အပျက်အားလုံးမြန်ဆန်လွန်း၍ ထားခက်သည်လည်းငြိမ်နေခဲ့ရ

"ဘာဖြစ်လာတာလဲ ထူး မေးတာဖြေဦး"

"ဒီအတိုင်းလေးခဏလောက်ငြိမ်နေပေးပါလား ခဏလေးပါ"
အသံတိုးတိုးလေးဖြင့်

နှုတ်ကသာဖွင့်မပြောပေမယ့် ရင်ထဲမှာအတိအလင်းကလေးအပေါ်ထိုနွေးထွေးသောအပြုအမူတွေကြောင့် စိတ်ယိုင်ချင်နေပြီမှာ အသေအချာ

ငြင်းပြန်ရင်လဲစိတ်မကောင်းဖြစ်မှာစိုး၍ ခဏလောက်ငြိမ်ခံပေးလိုက်သည်

ခန္ဓာကိုယ်ကရုတ်တရက်နွေးလာ၍ ထူးမြတ်မှာလဲအသံတစ်သံမှမထွက် မသင်္ကာ၍ နဖူးပေါ်သို့ လက်နဲ့စမ်းသပ်ကြည့်လိုက်ရမှာ ရေနွေးအိုးကဲ့သို့ပူခြစ်နေကာ

"ထူးနေမကောင်းဘူးလား ကိုယ်တွေပူနေတယ်"
တစ်ဖက်မှဖြေသံမကြား

"ဇော်ဇော်ကိုတစ်ချက်ခေါ်ပေးပါဦး"
အောက်ထပ်က ဝန်ထမ်းတွေအားဖုန်းဆက်၍

ထို့နောက်ထူးအားဆေးရုံသို့ချက်ချင်းပင်ခေါ်သွားကြတော့သည်

"သွေးပေါင်ချိန်တွေအရမ်းကျနေပြီးအဖျားကြီးနေလို့ ခဏသတိလစ် တာပါ ပြန်သတိရပါလိမ့်မယ်"

"တောင်တောင်တောင်"
ထူးဖုန်းမှာစာပို့လာသည့်အသံကိုကြား၍ ဘောင်းဘီအိပ်ကပ်ထဲ၌ ဖုန်းကိုထားမှထုတ်လိုက်ကာ noti မှာscreen အပြည့်ယူထားတဲ့ မသွန်းmessage တွေပင်
ထူးအားသတိရကြောင်းပို့ထားသည်များတွေလိုက်ရတော့ အနည်းငယ် ထားခက်မှာ သံသယဖြင့်...

ထူးမေမေမှာလဲ ဆေးရုံသို့ရောက်လာကာ

"ဘယ်လိုဖြစ်တာလဲ"

"သွေးပေါင်ချိန်အရမ်းကျပြီးအဖျားကြီးနေလို့ခဏသတိလစ်သွားတာတဲ့ အစ်မ... စိုးရိမ်စရာတော့မရှိပါဘူး"

"တော်သေးတာပေါ့ကွယ် စိုးရိမ်စရာမရှိဘူးဆိုရင်တော့"

"အလုပ်ကိစ္စတွေနဲ့ပင်ပန်းလို့ဖြစ်သွားတာနေမှာပါ"

"ညီမက ဟိုဘက်အိမ်ကမှလား"

"ဟုတ်တယ် အစ်မ"

"အော် ဒါကြောင့်မြင်ဖူးနေတာကို စိုးရိမ်စရာမရှိဘူးဆို nurse ထားပေးခဲ့မယ် အစ်မအလုပ်ကိစ္စရှိလို့ပြန်ရဦးမယ်"

"Nurse မထားပါနဲ့ ညီမစောင့်နေလိုက်ပါမယ်"

"အာ့ဆိုလဲကျေးဇူးပါနော် တစ်ခုခုဖြစ်ရင်အစ်မကိုဖုန်းဆက်လို့ရအောင် ဒီမှာဖုန်းနံပါတ်"

"ဟုတ်ကဲ့"

ထားခက်စိတ်ထဲ၌ မကျေနပ်နိုင် ကလေးတစ်ယောက်လုံးဆေးရုံရောက်ပီး သတိမေ့နေတာတောင် အမေဖြစ်သူမှာ နည်းနည်းမှမတုန်လှုပ်သည်ဟု တွေးတောကာ ကလေးငယ်ပဲသနားနေမိသည်...

ညဘက်ရောက်နေသော်လည်း သတိမလည်လာသေးသဖြင့် စိတ်ပူကာ ညအိပ်စောင့်နေပေးခဲ့သည်

အိမ်မှာ အိပ်ရတာမဟုတ်သဖြင့် ညဘက်အိပ်မပျော်နိုင်ကာ အိပ်ယာပေါ်ရှိ ထူးမြတ်အားငေးကြည့်လျက် လက်တစ်ဖက်အား စုပ်ကိုင်ထားကာ

"ရုပ်ကလေးက တကယ်ချစ်စရာကောင်းလိုက်တာ ငါ့ကလေးရယ် အပြစ်ကင်းလွန်းပါတယ် ဘာလို့များ အန်တီ့ဘဝထဲအတင်းဝင်ချင်နေရတာလဲကွယ် အန်တီက"မီး"ပါကလေးရာ မင်းကအေးချမ်းရမယ့် ရပ်ဝန်းမှာပဲရှင်သန့်သင့်တယ် အန်တီနဲ့မထိုက်တန်ပါဘူး"

ဝဋ်ကြွေးလှလှWhere stories live. Discover now