သာယာတဲ့မနက်ခင်းလေးမှာ ခက်ရိပ်တစ်ယောက် အိပ်မက်လှလှလေးမက်၍ ပြုံးနေသောအချိန် အသံဆိုးကြီးကထွက်ပေါ်လာပါသည်။ ထိုအသံဟာ တခြားနေရာကလာတာမဟုတ်ပါ ကျွန်တော်မျိုး၏ အဒေါ်အရင်းခေါက်ခေါက်၏ အသံဖြစ်တာကြောင့် အခန်းပြင်ဘက် လာတာပင်ဖြစ်သည်။
"ဟက်အကောင် ဟက် ခက်ရိပ် ထစမ်း ဘယ်အချိန်ရှိပြီထင်နေတာလည်း ခုထိသေရာက မထသေးဘူးလား နင်ကငါပြောရင်သာ အပစ်မြင်တာ နင်အပစ်ကြ နင်မသိဘူးလား "
"ဗျာ .....ဟုတ်ကဲ့ ထပါပြီဒေါ်လေး "
ဘာမှမဆိုင်တာတွေပါ ထည့်ပြော၍ လာပါတော့သည်။ မသိလျှင် ခက်ရိပ်က အပစ်အကြီးကြီးလုပ်ထားသည့်အတိုင်း 7 နှစ်အိမ်ကြား 8 အိမ်ကြား အော်၍ ပြောနေပါသည်။
"အေးပြီတာပဲ အိပ်နိုင်လွန်းတယ်နော် ဟွန့်ဟွန့် အလုပ်ကမရှိအကိုင်ကမရှိ ဒင်း ငါကြွေးလို့အသက်ရှင်နေတာကို လူလို့မသိတက်ဘူး ကိုယ့်အမမျက်နှာကြောင်မို့သာ သည်းခံနေရတာ ..."
"ဟုတ်ဒေါ်လေး ကျွန်တော် ထနေပါပြီ...."
ဒေါ်လေပြောသမျှကို ဝမ်းနည်းသော်လည်း ကျွန်တော်အတွက်ရိုးနေပြီမို့ ဘာမှပြန်မပြောတော့ပါ။ သူပြောသမျှ ခေါင်းညိတ်လက်ခံ၍ နေခဲ့ရတာ မေမေမရှိတော့တဲ့အချိန်ကတဲ့ကပင်ဖြစ်သည်။ ဒေါ်လေးဖြစ်သူကိုလည်း ပြန်ပြောဖို့ ခွန်းအားမရှိတာကြောင့်သည်းခံခြင်းသည်အကောင်းဆုံးဖြစ်သည်။
"ထပြီကနောက်မှ အရင်ဆင်းလား ... ဟိုမယ် နင်မမနိုးလာရင် အလုပ်သွားတော့မှာ ... ဘာနေနေ နှေးနှေးလေ လုပ်မနေနဲ့ ... နင်မမတွက်ထမင်းဟင်း ထည့်ပေးရအုံးမှာ မနက် 5 နာရီခွဲနေပြီး ...ဟိုကသူပြင်ဆင်ပြီလို့မှမပြီးရင် နင်ကိုလုပ်လိမ့်မယ် ငါကိုလည်းပွစိပွစိနဲ့ နားငြီးမခံနိုင်ဘူး ကြားလား...."
"ဟုတ်ကဲ့ဒေါ်လေး...."
အခန်းအပြင်ထွက်လာတော့ ဒေါ်လေးက ခေါင်းကိုပိတ်ထုလာသည်။ ထလာတာကို ဒေါ်လေးပါးစပ်က ပြောလိုပင်မပြီးနိုင်သေးပါ ထပ်၍ ဆူနေသေးသည်။
ဒေါ်လေးပြောသမျှကိုနားထောင်းတာ၍ ခက်ရိပ် မျက်နှာသစ်သွားတိုက်လိုက်သည်။ အိမ်အတွင်းထဲ ထိုးထားသော ဆိုင်ကယ်ကို အပြင်ကိုထုတ်လိုက်သည်။ဈေးသွားရမှာဆိုတော့ ဒေါ်လေးထဲက ပိုက်ဆံနဲ့ဝယ်ရမည့် ဈေးစာရင်းကို တောင်းဖို့အိမ်ထဲကိုပြန်ဝင်လာလိုက်သည်။
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)