မိုးညတစ်ယောက် ကိုသက်နဲ့ လယ်ထဲကပြန်လာတော့ လူကညောင်းကိုက်နေတာမို့ အိမ်ကိုတန်မပြန်တော့ဘဲ ရွာထဲက အရက်ဆိုင်ကို ဝင်ထိုင်ရန်တွေးလိုက်သည်။
"ကိုသက် "
"အေး "
"အရက်ဆိုင်ဝင်ရအောင် ညောင်းကိုက်နေတာဘဲ .."
"မင်း ဟာကလည်းမနေ့ကပြသာနာတက်တယ်မလား အိမ်တန်ပြန်မလားဘဲ အရက်ဆိုင်ဝင်လို့လေကွာ...."
"ရတယ် ထားလိုက် အပြန်ကြမှ ချော့လိုက်မယ် ဝင်မယ် ..."
"အေး မင်းသဘောဘဲ "
သူတို့လည်း သူတို့သောက်နေကြ ဆိုင်ကိုရောက်တော့ ခုန်အလွတ်မှာ ဝင်ထိုင်လိုက်ကြသည်။
" ကိုထူး ၂ ပုလင်းချပေး ပဲကြီးလှော်အမြည်းလေရော "
"အေး "
သူတို့လည်းတစ်ယောက်တစ် ၁ပုလင်းဆီဘဲ မှာလိုက်၍ ထိုင်စောင့်နေလိုက်သည်။ ခဏနေတော့ ကိုထူးက အရက် ၂ပုလင်းနဲ့ရေတစ်ဘူးနဲ့ ပဲကြီးလှော်ထည့်ထားတဲ့ အမြည်းခွက်အရက်ငှဲ့သောက်ဖို့ ဖန်ခွက်နှစ်ခွက်နဲ့လာချပေးသည်။ကိုသက်လည်း ပုလင်းထဲကိုအရက်ထည့်၍ရေအနည်းငယ်ရော်လိုက်ရော့ သောက်လိုက်သည်။ သူတို့နှစ်ယောက်လည်း အမြည်းလေးမြည်းလိုက် အရက်ကိုအေစေလေးသောက်နေလိုက်သည်။ထိုအချိန်တွင် မိုးည ကျောဘက်ကနေ အသံတွေထွက်လာသည်။
" ကိုရွာမှာ အရက်ဆိုင်ပိတ်ထားလို့သာ ဒီရွာလာသောက်ရတာ ယောက်ျားခြင်းဖင်ခံနေတဲ့ကောင်တွေနဲ့လာတိုးနေတယ် ရွံ့တာ " ထွိီ့ ..."
"ဟျောင့် ကုလား ဟိုက ကြားသွားပါအုံးမယ်ကွာ ..."
"ဘာဖြစ်လည်းကြားကြား ငါပြောတာမဟုတ်လို့လား သူကြည့်တော့ လူမိုက်လိုလိုဘာလိုလိုနဲ့ "
"တော်ပါကွာ အေးစေသောက်ပါမင်းကလည်း .."
"မင်းအသာနေစမ်းမှာ အဲ့ကောင်ခေါ်လာတဲ့ကောင်ကပိုဆိုးတယ် ရုပ်ကိုက ဘာရုပ်လည်းမသိဘုး "
မိုးည သူတို့ပြောသမျှကိုကြားတယ် အစက မကြားချင်ယောင်ဆောင်ဥနေလိုက်မလို့ဘဲ နောက်ပိုင်းကြ သူယောက်ျားလေးကိုဘဲ ထည့်ပြောလာတာမို့ လူကအရက်ကသောက်ထားတော့ သွေးဆိုးနေပါသည်။ လူကိုလူသတ်ချင်အောင်လာလုပ်နေတာမို့ ထရာကနေ ထလိုက်သည်။
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)