မိုးညတို့ မနက်အစောကြီး ထွက်လာလိုက်ကြသည်။ ဟိုကို အချိန်အတော်အသင့်ရောက်၏။ ဒီတစ်ခါလည်း အောင်ခိုင်တို့လင်မယားကလာကြိုပေးသည်။
"မိုးညမင်းက မိုက်တယ်နော် "
"ဘာမိုက်တာလည်း "
"မင်းငါမဂ်လာဆောင်လာတော့ ယောက်ျားရသွားတယ်လေ.. "
"အေးလေ "
"ခုဒီတစ်ခါငါဆီလာတော့ မတော်တဆ မင်းယောက်ျားမှာ ကလေးရသွားရင်ရော်.. "
"ဟင် "
ဟင်ဆိုတာကမိုးညဆီကမဟုတ်ဘဲ ခက်ရိပ်ဆီက ဖြစ်သည်။ ခက်ရိပ်မှာ အောင်ခိုင်ပြောလိုက်တဲ့စကားကြောင့် အံ့သြသွားရသည်။ ခက်ရိပ်ကယောက်ျားလေးတစ်ယောက်ပင် ထို့ကြောင့် ကလေးမရနိုင်ပါ။ တကယ်ပါဘဲ ပေါက်ကရတွေ ပြောတက်သည်။
"လီးစကားတွေမပြောနဲ့"
"ဟာမိုးညရယ် သေချာစင်းစားကြည့်လေကွာ အဲ့ဆိုငါမေးမယ် "
အောင်ခိုင်ကမေးမယ်ဆိုတာနဲ့မိုးညနဲ့အောင်ခိုင်က ရှေ့ကမြန်မြန်လျှောက်သွားသည်။ ခက်ရိပ်နဲ့ အောင်ခိုင်မိန်းမလေးမှာ နောက်ကနေ ဖြည်းဖြည်းချင်းလိုက်လာကြသည်။
" ငါမေးမယ်ကွာ မင်း မင်းလင်လေကိုဘာမှမဘာဘူးလား "
"ဘာတာပေါ့ကွ "
"အေးလေ အဲ့တာရတက်တယ်လို့"
" တူမလား...သူကယောက်ျားလေးလေကွာ "
"ယောက်ျားလေ ကိုယ်ဝန်ဆောင်တွေ တွေ့ဘူးတယ် "
" တကယ်ကြီး "
"အေးတကယ်ပါဆိုနေ ကြိုးစားနော် "
ခက်ရိပ်မှာရှေ့ကနေ သူသူ့ငယ်ချင်းကိုစကားတစ်ပြောပြောနဲ့သွားနေတဲ့ ယောကျ်ားဖြစ်သူကိုခေါင်းသာရမ်းမိသည်။ တကယ်ပါဘဲစကားပြောလွန်ပြီး ခက်ရိပ်ကိုတောင်မေ့သွားတာလားမသိပါ။
သူတို့တွေအကုန်လုံးအောင်ခိုင်တို့အိမ်ကိုရောက်လာကြသည်။ အောင်ခိုင်မိန်းမလေက ကောက်စိန်လုပ်နေတော့ သူတို့ပြန်တည့်တာထိုင်စောင့်ရတာ လုပ်ငန်းတစ်ခု ပင်ဖြစ်သည်။
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)