ခက်ရိပ်မှာ စိတ်ဆိုးနေတဲ့ယောက်ျားဖြင့်သူကိုကြည့်၍ သက်ပြင်းချနေရသည်။ စိတ်ဆိုးနေသူမှာ ၃ရက်ရှိပြီးဖြစ်သည်။ အိပ်ချိန်ဘဲ အိမ်ကိုပြန်လာ၍ မနက်မိုးလင်းဒါနဲ့ အပြင်ကိုထွက်သွားတက်သည်။
ထမင်းကိုလည်းအိမ်ကိုပြန်မစားပါ ဒေါ်ကြီးတို့အိမ်ဘက်မှာသွားစားသည်။ ညဆိုလည်း ၈နာရီလောက်မှပြန်လာတက်၏ ။ ပြန်ရောက်သည်နှင့် အခန်းထဲကစောင်နဲ့ခေါင်းအုံးကိုယူ၍ ဘုရားစင် ရှေ့မှာအိပ်သည်။ ခက်ရိပ်မှာအိပ်ယာခင်းနေတဲ့သူကိုကြည်၍ စကားပြောကြည့်ဖို့ကြိုးစားရသည်။
" မိုးည ဟိုလေ အခန်းထဲဝင်အိပ်လေ..."
" ကြားလားလို့ မင်းဘာဖြစ်နေတာလည်း ထမင်းလည်းပြန်မစားဘူး မိုးလင်းဒါနဲ့ထွက်ထွက်သွားတာ... "
မိုးည ကိုစကားလာပြောနေတဲ့သူကို မသိချင်ယောင်ဆောင်၍ အိပ်ယာခင်းလိုက်သည်။ အိပ်ယာ ခင်းပီးသော်အခါ အိပ်ဖို့လှဲလိုက်သည်။
" ငါပြောတာကြားလားဟင် ငါတောင်းပန်းပါတယ်... ဟိုနေ့ကကြောင့်ငါကိုစိတ်ဆိုးနေတာမလား မင်းကိုပစ်ထားခဲ့တာမဟုတ်ပါဘူး... ငါတောင်းပန်းပါတယ်... မင်းကငါတွက်အရေးလည်းကြီးပါတယ်.. ငါမင်းကိုယုံ့ပြီး မင်းနောက်ကိုလိုက်လာရတာလေ မင်းကခုလိုငါကိုမသိချင်ယောင်ဆောင်နေတော့ ...ဟင့် "
ခက်ရိပ်မှာသူဘာပြောပြော ပြန်မပြောဘဲ မျက်လုံးဘဲမှိတ်ထားတဲ့ယောက်ျားဖြစ်သူကိုကြည့်၍ ဝမ်းနည်းလာရသည်။ ခက်ရိပ်ဟာယောက်ျားတစ်ယောက်ပါ အဲ့လောက်လည်းမျက်ရည်လည်းမလွယ််ခဲ့ဘူးပါ။ခက်ရိပ် ဟာ သူကိုယုံပြီးလိုက်လာခဲ့ရသည့်သူပါ ခုလို မသိချက်ယောင်ဆောင်ထားသည့်မှာ ဝမ်းနည်းရသည်။ မိုးညကသာ ထွက်သွားလို့နှင်ခဲ့လျှင်ခက်ရိပ် ဘာလုပ်ရမည်မသိပါ ။ မျက်နှာပြောင်တိုက်၍ ဒေါ်လေးတို့ဆီလည်းပြန်မသွားရဲပါ။
မိုးညသူကိုစကားပြောနေတဲ့လူက ငိုသံထွက်လာတာမို့ မျက်လုံးဖွင့်ကြည့်၍ တားရတော့သည်။ မသိရင် မိုးညကဘဲ ရိုက်နှပ်နေတယ် ထင်ကြမည်။
" ခင်ဗျားငိုမနေနဲ မသိရင်ကျူပ်ကဘဲ ရိုက်ထားတဲ့အတိုင်းဘဲ လူကြားရင် ကျူပ်မကောင်းဖြစ်မယ် ..."
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)