အပိုင်း(12)U/Z

6.6K 306 9
                                    

တစ်ပတ်.. တစ်ပတ်..ရှိပြီး ဟိုတစ်ယောက်အိမ်ကိုပြန်မလာပဲနေနေ သည်မှာ ။ မိုးညကိုနည်းနည်းလေမှကိုလှည့်မကြည့်ပါ။ ခက်ရိပ်ကတကယ်ကြီးပျက်နိုင်တာလား။

"တောက်စ့် .."

မိုးညမှ တစ်ယောက်ထဲတွေး၍ စိတ်တိုနေရသည်။ တကယ်ကြီးကိုနေနိုင်လိုက်တာ မိုးညမှာတော့ ပြန်လာဖို့အမြဲမျှော်လင့်နေတာဖြစ်သည်။  သွားမခေါ်ဘူးဆိုတာလည်း မိုးလာကဲလားပြောထားတာမို့ပင်

"တောက်စ့် "

ကိုသက်မှာ​ ကြောင်သွားရသည်။ ကိုယ်လည်းဘာမှမလုပ်ရဘူး မိုးညက တောက်စ့်တွေခေါက်နေ၏ ။သူခေါ်လို့လာရသေးသည်ခုတော့ စိတ်တွေတိုနေ၏။  မိုးညလင်း ကတစ်ချက်တစ်ချက် အကြောင််းမရှိပဲ စိတ်တိုတာကိုတော့ ငယ်ငယ်ထဲကသိနေတာပင် 

"မင်းဘာတွေစိတ်တိုနေတာလည်း ငါဘာမှလည်းမလုပ်မိပါဘူး "

"မင်းကိုမဟုတ်ပါဘူး "

"ဒီမှာမင်းနဲ့ငါပဲရှိတာလေ မင်းကတောက်စ့်တွေ ခေါက်နေတာကို"

" မင်းကိုမဟုတ်ဘူးလို့ သူတောင်းစားရဲ့..."

" အဲ့ဒါဆိုဘယ်သူကိုလည်း.."

"ဟိုတစ်ယောက်ကို ခုထိပြန်မှမလားတာ ကိုယ်အိမ်ကိုမသိတာလား မင်းတို့အိမ်မှာဘဲ တစ်သက်လုံးနေသွားတော့မှာလား သူလင်ရှိတာကိုမသိဘူးလား လီးလိုဘဲ... "

"မင်းကရော ပြန်လာပါလို့သွားခေါ်လို့လား မင်းတောင်နေနိုင်သေးတာပဲ သူလည်းနေနိုင်မှာပေ့ါ "

"ဟ တူမလားကွ ငါကလိုက်ခေါ်စရာလား သူဘာသာပြန်လာလို့ရရဲ့သာနဲ့ "

"မင်းကနှင်ထုတ်ထားတာလေကွာ "

" သူက အဲ့လိုမာနထားကျေးလား "

"မင်းလည်းမာနထားနေတာပဲလေး "

"မသိဘူးကွာ သူအသိနဲ့ သူပြန်လာလို့ရရဲ့နဲ့ "

"ငါလည်းမသိတော့ဘူးကွာ မင်းတို့ တစ်ယောက်နဲ့တစ်ယောက်ညှ်ိကြည့်ပါလား.. "

" တော်ပြီး ထားလိုက်သူသဘောထားအတိုင်းပေါ့  နေချင်တဲ့ဆီနေပါစေ ပြန်မလားလည်း ကောင်းတာပဲ"

My  Partner (Complete )Where stories live. Discover now