တိတ်ဆိတ်နေတဲ့ အခန်းငယ်ထဲမှာ ကောင်လေးနှစ်ယောက်ငြိမ်သက်စွာထိုင်နေကြသည်။နှစ်ယောက်လုံးမှာ အတွေးကိုယ်စီနဲ့
ပင်ဖြစ်ကြသည်။ခက်ရိပ်ဘယ်လိုဆက်လုပ်ရမယ်တကယ်မသိပါ ညကအမှားကလဲ ကိုယ်ကတောင်းဆိုခဲ့တာမို့မှားခဲ့ကြတာဖြစ်သည်။ တာဝန်ယူပါလို့လည်းမပြောချင်ပါ ဒေါ်လေးတို့ဆီလည်းဘယ်လိုမျက်နှာနဲ့ပြန်သွားရမလည်း ကိုယ့်အပေါ်လုပ်ရက်ခဲ့တာကို တွေးမိတိုင်ရင်နာရသည်။ အတွေးထဲဝင်လာလေမျက်ရည်က ပိုပီးဝဲလာလေလေမို့ သူဆက်မတွေးတော့ပဲ နေလိုက်သည်။ ဟိုရောက်လို့ဆူခံရရင်ဆူခံရပါစေတော့ ခက်ရိပ်မှာ ခိုနာစရာကဒေါ်လေးအိမ်ပဲရှိတာဖြစ်သည်။
မိုးည တိတ်ဆိတ်စွာထိုင်နေတဲ့
ဟိုတစ်ယောက်ကိုကြည့်လိုက်တော့ မျက်ရည်လေးဝဲဝဲနဲ့ ဘာတွေ စဉ်းစားနေတယ်မသိပါ။ မိုးညလည်းဘာဆက်လုပ်ရမယ်မသိ ကိုယ်ဟာ တာဝန်မသိတတ်တဲ့သူတစ်ယောက်မဖြစ်တာကြောင့် စိတ်ဆုံးဖြတ်လိုက်ကာ ဒီစကားကိုဆိုလိုက်သည်။" ဒီမယ် ကျုပ်ပြောမယ် ခင်များကိုတာဝန်ယူမယ်...ဒါပေမဲ့..ကျုပ် ရွာကိုတော့လိုက်ခဲ့ ဘာမှစိတ်ပူစရာမလိုဘူး... ကျုပ်ကိုယုံလိုက် ကျုပ်ကတာဝန်မသိတတ်တဲ့သူမဟုတ်ဘူး စားပီးနားလည်တယ်.. "
" ဟင် ..."
ခက်ရိပ်ကိုယ့်အတွေးနှင့် ကိုယ်တွေးနေတုန်း ဘေးနားတွင် ထိုင်နေသည့် ဟိုတစ်ယောက်ဆီကထွက်လာတဲ့စကားကြောင့် အံ့သြသွားတာတော့အမှန်ပင်ဖြစ်သည်။ ခက်ရိပ်ကိုဒီလိုစကားဆိုလာမည်ဟုမထင်ထားတာကြောင့်ဖြစ်သည်။
" ဟို အဲ့လိုကျ ငါမှမင်းအကြောင်းမသိတာ ပီးတော့ မင်းနာမည်လဲမသိဘူး မင်းကဘယ်ကဆိုတာလဲ မသိဘူးလေ ငါ..."
ခက်ရိပ်ပြောနေတုန်းမိုးညစကားဖြတ်ပြောလိုက်တယ် ဒီတစ်ယောက် စကားအတော်များတာပဲမိုးညကိုဘယ်လိုလူထင်နေတယ်မသိ။
" ခင်များကိုရောင်းမစားပါဘူး ကျုပ်အသက် ၂၀ ခင်များအသက်ရော ခင်ဗျားလင်ကျူပ်နာမည်က မိုးညလင်းမှတ်ထားနော်...ကျွန်တော့်အကြောင်းကအဲ့တာပဲ... "
" ဟိုငါ ...."
"ဘာလဲ ခင်ဗျားမိဘတွေဆူမှာဆိုးလို့လား "
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)