ခက်ရိပ်ဒီရွာကိုရောက်နေတာ ၁ လကျော်နေပီးဖြစ်သည် ။ခုချိန်ထိယောကျာ်းဖြစ်သူက ဘာအလုပ်မှမလုပ်ပါ အချိန်တန်ရင် အပြင်ထွက်၍ ကြက်တိုက် အရက်သောက် ဖဲဆော့သည်။
သူလုပ်ချင်ရာလုပ်နေတာ ခက်ရိပ်ကိုရှိတယ်လို့တောင် သတ်မှတ်ရယ်လားမသိပါ ။ ခုလည်း ည 9 နာရီရှိပြီး ပြန်မလားသေးလို့ခက်ရိပ်မှာထိုင်စောင့်နေရ၏ ။ထမင်းကလည်းမစားရသေးဘူး မိုးညကိုစောင့်နေရတာကြောင့်ပင်ဖြစ်သည်။
မစောင့်လို့လည်းမရပါ ပြသာနာရှာမှာသေချာ၏ ။သူ ပြန်လာလျှင်လည်းသေချာပေါက် မူးလာမှာဧကန်မုချမို့ ရန်မဖြစ်ချင်တာကြောင့် မစားဘဲသာစောင့်နေလိုက်သည်။
မိုးညတစ်ယောက် ဖဲရိုက်နေတာဖြစ် ၏အလောင်းကစားဆိုတာ ဆွဲတယ်လေ
အရက်လေးကလည်းပါတော့ ပိုဆိုးသည်။ထို့ကြောင့် အိမ်ကိုပြန်ဖို့စိတ်ကူးတစ်ဇိုးတစ်ဆ မျှပင်မရှိပါ။"မိုးည မင်းမပြန်သေးဘူးလား ...ဆော့အုံးမယ်မလား ...."
"ဆော့အုံးမှာ ကိုညို ...."
"အေး ဝေမယ်နော် ..."
ဖဲ ၅ချက်လုံးဝေပြီးတော့ မိုးည ဖဲချပ်တွေကိုတစ်ချပ်ခြင်း ပွတ်ကြည့်လိုက်သည်။ ဖဲဆိုတဲ့အရာက ဒီလိုကြည်မှ ဇိန်ရှိတာပင်ဖြစ်သည်။ဖဲကိုသေချာကြည့်နေတဲ့အချိန်တွင် မိုးညရဲ့အပျော်တွေကိုဖြတ်စီးသော အသံဆိုးကြီးက ထွက်ပေါ်လာပါသည်။
" မိုးည ပြန်ရအောင်ကွာ 9 နာရီထိုးနေပြီး မင်းယောကျ်ားလေးနဲ့ပြသာနာတက်နေအုံးမယ် ငါလည်းမိန်းမနဲ့ ပြသာနာတက်လိမ့်မယ် "
" ဟာကွာ ခဏနေပါအုံး ကိုသက်ရာ ဒီမယ်အရှိန်ကောင်းနေတာကို မင်းဘာမင်း မင်းမိန်းမကိုကြောက်ရင်ကြောက်တယ်ပေါ့ ဘာကိုမင်းယောက်ျားလေးနဲ့ ပြသာနာတက်မယ်လည်း တိတ်တိတ်နေ အာရုံမစားစမ်းနဲ့ ..."
ကိုသက်လည်း ဘာမှမပြောတော့ဘဲငြိမ်နေလိုက်တယ် ပြီးရင်သူပြန်တာနောက်ကြလို့ဟိုကပြောရင် ပွစိပွစိပြောတယ်ဆို၍ သူကပြန်ဟောက်အုံးမှာ ပင်ဖြစ်သည်။ သူလုပ်နေတာကအချိုးမပြေဘဲနဲ့ ကိုကြီးခက်ရိပ်မို့သည်းခံတာ ကိုယ်လို့သာဆို ဒီကောင်ကိုဆယ်ခါပြန်မယူပါ။
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)