အပိုင်း(25)U/Z

6.2K 209 19
                                    

မိုးညတစ်ယောက် ရှေ့မှာထိုင်ဆော့နေတဲ့သားကိုသဘောကျနေမိသည် ။ခုဆိုသားက  ၃နှစ်ထဲရောက်နေပြီးဖြစ်သည် ။  စကားတက်တဲ့သားကို ကျွန်တော်ကိုယ်တိုင်လက်မြောက်အရှုံးပေးထားရသည်။

" ဟွန့် ...."

ကိုယ်အတွေးနဲ့ကိုယ်ပြုံးလိုက်မိတော့ သားကလှည့်ကြည့်လာသည်  ။ကိုယ်အနားကို လျှောက်လာ၍ ရင်ခွင်ထဲကိုဝင်ကာ ပိုတိုးဖတ်လာသည် ။

" ဖေကြီး..."

"ဗျာ...."

"မုန့် ..စား ..ဗိုက် ...ဆာ "

"သားငယ်က ဗိုက်ဆာတာလား ...ဟုတ်ပြီးကွာဖေကြီးဝယ်ကြွေးမယ်နော် ..."

မုန့်စားချင်တဲ့ဆိုတဲ့သားငယ်ကိုချီလိုက်သည်။  အိမ်ရှေ့ကိုထွက်လာတော့  အပင်အောက်မှာမိသိမ့်တို့နဲ့   အရွတ်သင်နေတဲ့  ခက်ရိပ် က  မိုးညတို့ထွက်လာတော့မော့ကြည့်လာ၍  မေးလာသည်။

" မောင်  ..ဘယ်သွားမို့လည်း ..."

"သားက ဗိုက်ဆာလို့တဲ့  ..."

" အိမ်ထဲမှာ မုန့်တွေ့ရှိတယ်လေ..."

"no ..no ..ပြင်ကမုန့်ဘဲစားချင်တာပါဆို ..ဖေဖေကလည်း ."

ခက်ရိပ် အရွက်သင်နေတုန်း အိမ်ထဲကထွက်လာတဲ့သားဖကြောင့် ဘယ်သွားမှာလည်းမေးတော့သားကမုန့်စားချင်လိုပင်ဖြစ်သည်။  သူသားကိုဆိုတအားအလိုလိုက်၏။  အိမ်မှာမုန့်တွေအများကြီးရှိပါသည်။သူသားကိုသူလည်းမနိုင်စကားက တက်သလားမမေးနဲ့  ခုလည်းကြည့် အပြင်ကမုန့်ဘဲစားချင်တာတဲ့လေ  ကိုယ်မွေးထားတဲ့သားကို ခက်ရိပ်မနိုင်တာက ဒေါသကိုထွက်စေသည်။

" ဘာကိုအပြင်ကမုန့်လည်း   ရှင်းမိုးရိပ်ရောင် ....အရိုက်ခံချင်နေတာလား ..."

"ဟင့် ဖေကြီး ....ဖေ က အော်..အော်.."

"ခက်ရိပ်ကလည်း သားကိုမအော်ပါနဲ့...."

"အော်မှာဘဲ ...မောင်သားက ဟုတ်နေလို့လား ..."

"ကလေးကဘာနားလည်းလို့လည်း ...."

" ဘာကိုနားမလည်းရမှာလည်း စကားကိုသူလောက်တက်တာသူရှိတာကို...ရှင်းမိုးရိပ်ရောင် ...လာခုချက်ချင်း မင်းဖေကြီးပေါ်ကနေဆင်းခဲ့နော် ...အိမ်ကမုန့်ဘဲစားရမယ် ..."

My  Partner (Complete )Where stories live. Discover now