အပိုင်း(5)U/Z

8.3K 367 20
                                    

ခက်ရိပ်နဲ့မိသိမ့်တို့မြို့ထဲကစျေးကိုရောက်သောအခါ ဆိုင်ကယ်ကို မိသိမ့်တို့အသိဆိုင်မှာအပ်၍ စျေးထဲကိုဝင်လာလိုက်ကြသည်။ လူတော်တော်များများနှင့်ခင်မင်ရင်းနှီးရခြင်းမှာ ယခုလိုအချိန်များတွင် အရမ်းကိုအသုံးဝင်သည်ဟုဆိုရမည်။

စျေးထဲကိုဝင်ပြီဆိုတာနှင့် ငယ်ရွယ်သူပီသစွာ  ဗိုက်ဆာနေကြောင့်ကို ပွင့်ပွင့်လင်းလင်းပြောလာရှာ၏။ ခက်ရိပ်လည်းဘာမှမစားခဲ့ရသေးတာကြောင့် ဗိုက်ကဆာနေပြီးဖြစ်တာကြောင့်

" ကိုကြီးခက်ရိပ် ဘာမှမစားခဲ့ဘူးမလား သမီးလည်းမစားခဲ့ရဘူး ဗိုက်ဆာလို့ ...."

" အွန်းကိုကြီးလည်းမစားခဲ့ရသေးဘူး တစ်ခုခုစားပြီမှ... စျေးဝယ်ကြဒါပေ့ါ ..."

" ဟုတ်... မုန့်ဟင်းခါးသောက်ရအောင်လေနော် သမီးတို့လာတိုင်းစားနေကြဆိုင်မှာစားမယ် စားကောင်းတယ်... "

" အွန်း သွားစားကြတာပေါ့ ..."

ခက်ရိပ်တို့လည်း လမ်းအနည်းငယ်လျှောက်ပြီး မုန့်ဟင်းခါးဆိုင်ရှေ့ရောက်လာကြဧ။ စားတဲ့သူတွေအတော်အသင့်ရှိတာကိုမြင်ရတွေ့ရ၏။ ထိုင်စားစရာနေရာကို တစ်ခြားသူများ မဉီးခင် ခက်ရိပ်တို့လည်း စားပွဲဝိုင်းတစ်ခုမှာဝင်ထိုင်လိုက်ကြသည်။ထိုင်လိုက်သည့်နှင့်တစ်ပြိုင်နဲ့

" ကိုကြီး မှာလိုက်တော့မယ်နော် မုန့်ဟင်းခါးသောက်မှာမလား အိုဘဲဉ ထည့်အုံးမလား သမီးနှစ်ဉထည့်စားမယ်နော်.. "

" အင်းအင်း  စားလေ အဝစား ကိုကြီးလည်းထည့်မယ်... "

" ဟုတ် အန်တီသမီးတို့ကိုမုန့်ဟင်းခါးနှစ်ပွဲပေးပါ  အိုဘဲဉက တစ်ပွဲနှစ်လုံးဆီထည့်မယ်နော် .."

"အေးအေးခဏနေချပေးမယ်နော်... "

ခက်ရိပ်တို့လည်းမုန့်ဟင်းခါးလာချပေးသည့်အချိန်ကို  ရေနွေးလေသောက်လျှက်စောင့်နေလိုက်ပြီး သိပ်မကြာပဲ ခဏတာအချိန်အတွင်း အဒေါ်ကြီးကလာချပေးသည်။

" ရပီးကွယ်  နှစ်ပွဲ အစုံထည့်ပေးထားတယ် စောင့်ရတာကြာသွားတာ လူရှုပ်နေလို့ကွယ် "

My  Partner (Complete )Where stories live. Discover now