မိုးညမှာ ထိုင်ငိုရမလို့ဖြစ်နေပြီးဖြစ်သည်။မိုးညယောက်ျားလေးက တော်တော်ဆိုး၏။ အခန်းထဲကိုပေးဝင်အိပ်ပါလို့ပြောတာကို ပေးမဝင်အိပ်ပါ။ ပိုက်ဆံလေး ၃သိန်းကို မနေ့ကလည်းထွက်အိပ်ဆိုလို့အိပ်ရသည်။ ဒီနေ့လည်းထွက်ပြီးအိပ်ခိုင်းတာကြောင့် ဒီနေ့တော့တူတူဝင်အိပ်ချင်တာမို့ အထဲဝင်အိပ်ပါရစေ ပြောတာကို ပေးမဝင်အိပ်ပါ။
" မင်းကိုငါပြောပြီးသာဘဲ ငါပိုက်ဆံ၃သိန်းကိုပြန်ပေးလို့အဲ့ဆိုဝင်အိပ်လို"
"ခင်ဗျားကလည်း ကျွန်တော်ကအဲ့တာကိုဘယ်လိုရှာရမလည်း ဒါလေးသုံးမိတာကို "
"မင်းတစ်လတစ်လကိုဘယ်လောက်တောင်သုံးနေတာလည်းမင်းအသိလေ မင်းတောင်းရင် ငါမပေးလို့လား ခုဟာကငါကိုတောင်အသိမပေးဘဲ မင်းလုပ်ချင်ရာလုပ်လိုက်တာလေ ငါကအရေးမပါတာလား "
"မဟုတ်ဘူးလေဗျာ ခုက ခင်ဗျားကဗျာ မအိပ်ဘူးဗျာ "
"အေ့ အပြင်မှာဘဲထွက်အိပ် ငါတစ်ယောက်ထဲအခန်းထဲဝင်အိပ်မှာ "
"အေးဗျာ ခင်ဗျားစိတ်ကြိုက်လုပ် "
"အေးမင်းကိုပြောပြီးသာခုမှလာစိတ်ဆိုးမပြနဲ့ ငါပိုက်ဆံ၃သိန်းပြန်ပေးလို့ "
"ကျူပ်ကပိုက်ဆံ၃သိန်းကို အုံဖွဆိုတာနဲ့ထွက်လာရင်တော့ပေးပြီးပြီးပေ့ါ လွယ်လွယ်နဲ့မှမရတာ "
"အေးလွယ်လွယ်နဲ့မရတာသိရင် လွယ်လွယ်မသုံးနဲ့လေ "
"တော်တော်ဗျာ နားငြီးတယ် "
" ဘာ ပြန်ပြောစမ်း "
"ဟာခင်ဗျား အိပ်မှာဆို သွားအိပ်တော့ အာရုံမနောက်ပါနဲ့ဗျာ "
"အေးငါကစပြောတာလား မင်းအရင်စပြောတာလေ "
"ခင်ဗျားကိုပြောမိတာ အခန်းထဲဝင်အိပ်ပါရစေလိုဘဲလေ "
"မင်းကိုလည်းငါပြောတယ်လေ ငါပိုက်ဆံ၃သိန်းပြန်ပေးလို့ မင်းက မင်းကြက်ကိုအလေးပေးနေတာလေ ငါကိုအသိမပေးပဲ ဝယ်တယ် ပြန်ရောင်းဆိုတော့လည်းမရောင်းဘူး ငါကအရေးမပါတာလေမင်းတွက် လုပ်ချင်ရာသာလုပ်တော့ "
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)