အပိုင်း(17)U/Z

6.7K 241 1
                                    

မိုးညတို့လည်း ဟိုမှာ လေးငါးရက်နေ၍ ရွာကိုပြန်လာကြသည်။ ရွာကိုရောက်ရောက်ခြင်း အထုတ်တွေကို ချ၍ မိုးညတစ်ယောက်ဉီးကြီးတို့အိမ်ဘက်ကိုပြေးလာလိုက်သည်။

"ဉီးကြီး ... ဒေါ်ကြီး....မိသိမ့် .....သဇင် ....ကိုခန့်....."

"အေးပြန်ရောက်ပြီးလား ....အော်ခေါ်နေသေးတာ... အိမ်ထဲဝင်လာတာမဟုတ်ဘူး မင်းကွာ မရောက်ဘူးတာကြလို့ ...... "

"ဝမ်းသားစရာပြောမလို့ကိုဗျာ ....."

"လာဝင်ခဲ့ "

"ဟုတ်အကုန်လုံးကိုထိုင်ခိုင်းလိုက်နော် ကျွန်တော်အရေးကြီးပြောစရာရှိတယ် "

အိမ်ကလူတွေအကုန်လုံးလည်း မိုးညပြောမှာကို သိချင်လာပြီးဖြစ်သည်။

" ဒေါ်ကြီး ဉီးကြီး မြေးထပ်ချီးရတော့မယ် ကျွန်တော် ကလေးဖေဖြစ်ပြီး "

" ဘာ "(မိသိမ့်)

"မင်းဘာပြောတယ် "(ကိုသက်)

"ဟင် " (သဇင် )

"ပြန်ပြောစမ်း "(ဒေါ်ကြီး )

"ဟေ့ "(ဉီးကြီး )

" ဘာဖြစ်ကြတာလည်း ကျွန်တော်ကလေးဖေဖြစ်တော့မယ်လို့ ဝမ်းသားကြလား "

"မသာနိုင်ဘူး မိုးညလင်း "

" ဗျာ ဘာလို့လည်း ဉီးကြီး .."

"ဘာကိုဘာလို့လည်းလဲ ခက်ရိပ်ကိုမင်းမကြည့်ဘူးလာ မြို့ကို ၅ရက်လောက်သွားပြီး ကလေးဖေဖြစ်တော့မယ်ဆိုတာဘာစကားလည်း ငါတို့ကတော့ ဒီခက်ရိပ်နဲ့ဘဲ သဘောတူတာ မင်းဘာသာမင်း ဘယ်ကောင်မနဲ့ဖြစ်ခဲ့ခဲ့ မင်းကွာ ငါဆွဲထိုးမိတော့မယ် "

"ဗျာ ကျွန်တော်ဘာလုပ်လို့လည်း "

မိုးညမှာသူဘာမှလုပ်မလုပ်ရပါဘူး ကလေးဖေဖြစ်တော့မယ်လို့ဘဲ ပြောမိတာပါ ဒါကိုဉီးကြီးက စိတ်ဆိုး၍ ​ထိုးမယ်ပြောလာသည်။

" ဟုတ်တယ် ငါလည်းသဘောမတူနိုင်ဘူးဘဲ ငါရဲ့ခက်ရိပ်လေ ကိုပစ်ပြီး ဘယ်ကောင်မကိုခေါ်လိုက်ပြန်တာလည်း ဟမ် " ( ဒေါ်ကြီး )

" ဟုတ်တယ် သမီးရောဘဲ "(မိသိမ့် )

" အင်း ငါရောဘဲ ဟျောင့် မင်းဘယ်လိုလုပ်လိုက်တာလည်း " ( ကိုသက် )

My  Partner (Complete )Where stories live. Discover now