မိုးညတစ်ယောက် အစောကြီးနိုးနေတာဖြစ်သည် ။ ခက်ရိပ်မရှိတော့ အရမ်းအထီးကျန်၍ လွမ်းလည်းလွမ်းရပါတယ် ဒီခက်ရိပ်လေရေး မောင် ချက်ချင်းသာ အပြေးလိုက်လာချင်တော့သည်။ ရက်စက်လိုက်တာ ခင်ဗျားလေက မနက်ကြဖုန်းခေါ်ဖို့ပြောထားတာကို ခုထိမခေါ်သေးပါ။
သွားတာမှ တစ်ရက်ရှိသေးတယ် မိုးညမှ အရမ်းလွမ်းနေတာဖြစ်သည် ။၁၀ရက်ကြီးလောက် ခွဲရအုံးမှာဆိုတော့ မိုးညရူးသွား လောက်မယ်ထင်သည်။မင်းမရှိတဲ့နေတွေ ဘယ်လိုဖြတ်သန်းရမလည်း။
"မင်းမရှိရင် မဖြစ်နိုင်တော့ဘူး ချစ်ရေ ဒီမှာ ငါသေဆုံးသွားလိမ့်..."
မိုးညသီးချင်းစာသားလေ ဆိုညည်းပြီး ငိုချင်လာသည်။ လွမ်းပါတယ်ဆို ရက်စက်တယ် ခက်ရိပ်က ၉နာရီတောင်ထိုးနေပြီး မိုးညနိုးနေတာ ၆ခွဲလောက်ကတဲ့က ဝင်မလာတဲ့ ဖုန်းလေးကိုကြည့်၍ ရိုက်ခွဲချင်လာသည်။ ကြေကွဲနေတာထက် အရက်သွားသောက်တာ ကောင်းတယ် မခေါ်နေကွာ ။
မိုးညလည်းစိတ်ညစ်ညစ်နဲ့ အရက်ဆိုင်သွားမယ်ဆို၍ အောင်ခိုင်နဲ့ကိုသက်ကို ခေါ်ခါ အရက်ဆိုင်ကို ရောက်ချလိုက်လာကြသည်။
"မိုးည ဘာလည်းလွမ်းနေပြီးလား ..."( ကိုသက်)
"လွမ်းစရာလား ...လွမ်းရတာ ငါဝါသနာမဟုတ်ဘူး သူမရှိတော့ ပိုတောင်လွတ်လပ်သေးတယ် ..."
"ဟုတ်လို့လား ငါတောင်ငါသဲလေးကို လွမ်းနေတာ ... မနေ့ညကဆို ပိုတောင်ဆိုးသေးတယ်ကွာ ... မနက်ကဖုန်းဆက်လို့ငါသဲလေးက မအားဘူးတဲ့လေ အလွမ်းတောင်ကောင်းကောင်းမသယ်ရ .." (အောင်ခိုင်)
မိုးညစိတ်ထဲတွင်တော့ နှင်းနုတောင်သူလင်ဆီ ဖုန်းခေါ်တဲ့ ဟိုတစ်ယောက်ကတော့ လင်ကိုရှိသေးတာရော် သတိရသေးလားမသိပါ။ စိတ်ထဲကသာကြိတ်ပြောနေရတာ ပါးစပ်ကပြောရင် ဘေးကနှစ်ကောင်က ရယ်မှာဖြစ်သည်။ အသေအချာ တွေးလေစိတ်တိုလေဘဲ အရက်ခွက်ကို ကောက်ကိုင်လိုက်၍ ရေမပါဘဲတစ်ခါထဲမော့သောက်လိုက်သည်။ လည်းချောင်းထဲဖြတ်ဝင်သွားတဲ့အရသာက ခပ်ရှရှ တစ်ခွက်ပြီးတစ်ခွက်သောက်လိုက်တယ် ရင်ထဲမှာ ခံစားရတဲ့ဝေဒနာကြီးပြောက်ကင်းသွားအောင်ဖြစ်သည်။
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)