ကြက်ဉခွာပေးနေတဲ့သားကိုကြည့်၍ ခက်ရိပ်က မပြုံးဘဲမနေနိုင်ပါ။ ဖေဖေကိုကူလုပ်ပေးချင်လို့ပါတဲ့လေ သားကတကယ်ကိုသိတက်လာပြီးဖြစ်သည် ။ အသက် ၄နှစ်ကျော်ဆိုတာ ဆိုးလို့ကောင်းရမယ်အရွယ်ဆိုပေးမဲ့ ခက်ရိပ်ဗိုက်ထဲက ကလေးအတွက်ဆိုပြီး ခုကတဲ့က အလျော့ပေးရှာသည် ။သူထက်အငယ်ကို ဘယ်လောက်လိုချင်တယ်မလိုချင်တယ် ညညဆိုလည်း ဗိုက်လေးကိုပွတ်ပွတ်ပြီးစကားတွေပြောတက်သေးသည် ။
ဗိုက်ကခုဆို ၈လထဲရောက်နေတာဖြစ်သည်။ မောင်က လိမ်မာလာ၏ အရက်လည်းမသောက်တော့ပါ။ ကလေးထပ်ယူရအောင်ပါတဲ့ဆိုပြီးအတင်းတောင်းဆိုးလာသည် ။ သားကိုလည်း နို့ထက်မတောင်းအောင်ဘာပြောလိုက်တယ်မသိပါ။ ချိုတိုက်ဆို၍ လာမပြောတော့ဘဲ ငယ်လေးမွေးပေးကြည့်ဘဲပြောသော်ကြောင့် ဒီဗိုက်ထဲက ကလေးငယ်က ရောက်လာရခြင်းဖြစ်သည်။ ဒီအဆိူးသားဖကိုမနိုင်တော့လက်မြောက်ထားရသည်။နောကိထက် အဆိုးလေးတစ်ယောက် ရောက်လာလျှင် ခက်ရိပ် ခေါင်းမွှေပြောင်မှာဖြစ်သည်။
ခုလည်းသားက ကြက်ဉ ခွာပေးနေပြီး မိုးညက ထင်းတွေခွဲနေတာဖြစ်သည် ။ ခက်ရိပ်က မပေါ့မပါးနဲ့ဆိုတော့ မောင်ကယာထဲကိုမလိုက်တော့ပါ ။ ဒီမိသားစုလေးကိုဖန်းတီးရတာ ခက်ရိပ်နောင်တဆိုတာမရှိပါ။
" သား....တော်တော့ဖေဖေကိုပေးတော့ ...."
"ဟင့်အင်း ...သားဘဲဆက်လုပ်မှာ .."
" သားလက်တွေ နာလိမ့်မယ် ..."
" နာဘူး...ဖေဖေက ငြိမ်ငြိမ် ထိုင်နေ ...ဗိုက်ထဲမှာ ကလေးလေးနဲ့ကို .."
"သားကရော ..ကလေးမဟုတ်လို့လား ..."
ခက်ရိပ်မှာ ရီချင်သွားသည် သူကကြကလေးမဟုတ်တာကြလို့ ခက်ရိပ်ပြောတော့ ခေါင်းလေးကိုကုတ်၍ လက်နဲ့ မေ့စေ့ကို ပွတ်ခါစဉ်းစားနေပြန်သည် ။
"ဟမ် ..သားက လူကြီးဖြင့်တော့မှာ .."
" ကလေးဘဲရှိသေးတာပါ ..."
"လူကြီးပါဆို ...ညီငယ်လေးရတော့မှာလေ ..."
"အော် ...ညီငယ်လေးရတော့မှာမို့လား...."
"ဟုတ်တယ် ..."
"လာပါအုံးဖေဖေဆီကို ..."
ခက်ရိပိခေါ်လိုက်တော့ ခွာနေတဲ့ ကြက်ဉတွေကို ပြစ်ချခါ လာဖတ်ရှာသည် ။ခက်ရိပ်နမ်းလိုက်တော့ နုတ်ခမ်းလေးဆူ၍ ပါးကို ပြန်နမ်းလာသည် ။နမ်းပြီးတော့ ကြက်ဉတွေပြပန်ခွာနေသည်။
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)