ခက်ရိပ်တစ်ယောက် ဘုရားပန်းလှဲနေတာဖြစ်သည်။ တစ်နေကုန်အလုပ်တွေနဲ့အိမ်အလုပ်ကလည်းတစ်ယောက်ထဲလုပ်ရသည်။ ကလေးကလည်း ၁နှစ်ကျော်ပြီးဆိုတော့ လမ်းကတောက်တောက်နဲ့လျှောက်နေပြီးဖြစ်သည်။ စကားကလည်း မပီကလာနဲ့တက်နေပီဖြစ်သည် ။
ခုလည်းကလေးကိုခန့်ခန့်နဲ့ခဏကြည့်ခိုင်းထားရ၏။ ကျောင်းပိတ်ရက်မို့ခန့်ခန့်လေးရှိလို့တော်သေးသည်။ခုလာမဲ့နှစ်ဆို ၈တန်းတက့်ပြီး ဖြစ်သည် ။အပြင်ခဏဆို၍ ထွက်သွားတဲ့ယောက်ျားဖြင့်သူကပြန်မလာသေးပါ။ ယာထဲမဆင်းတော့ အားကိုရမယ်မထင်နဲ့ ဘာတစ်ခုမှကူမလုပ်ပေးပါ။ ကလေးကတော့ထိန်းပါတယ် သူသားကိုချစ်တာမှတုန်လို့ သူသားကလည်းဆိုးတာနှစ်ယောက်မရှိပါ။
" ခန့်ခန့်ရေ မင်းတူလေးကို ကိုကိုဆီခေါ်ခဲ့တော့ ရေချိုးပေးရအောင် ပေတူနေပြီးးမလား "
"ဟုတ် .."
ခန့်ခန့်ထွက်လာတော့ ခန့်ခန့်လက်ထဲကနေ သားငယ်ကိုပြောင်းယူလိုက်သည် ။ ခက်ရိပ်လက်ထဲလည်းရောက်တော့ သားကတစ်ခစ်ခစ်နဲ့သဘောကျနေသည်။
" ခန့်ခန့်ဘုရားပန်းတွေသွားကပ်လိုက်နော် ..."
" ဟုတ်ကိုကို ..."
ခန့်ခန့် ဘုရားပန်းကိုကပ်လိုက်၍ အခန်းထဲက စက်ရုပ်ကိုယူလိုက်ပြီး ဆော့နေလိုက်သည် ။
" ခစ်ခစ် ...ဖေ ...ရေ...ရေ ...."
"ဟုတ်တယ်ရေ ..ရေ ချိုးမယ်နော် ...."
"ရေ....ဟေ့ ..."
လက်ခုတ်တွေတီး၍ ရှေ့မှာပေါက်နေတဲ့ သွား၎ချောင်းနှင့် ပါးချို့င့်တစ်ဖတ်ပေါ်အောင်ရီပြနေတဲ့သားငယ်ကအရမ်းချစ်စရာကောင်းပါသည်။ ရေဆိုရင် ကြိုက်တဲ့သားက တခြားကလေးတွေလိုရေချိုးပေးရင်မငိုပါ။ ရေဇလုံထဲ ထည့်ပေး၍ မျက်နှာကိုရေနဲ့အသာလေးသုတ်ပေးခါ ခေါင်းကနေလည်း နည်းနည်းချင်းလောင်းပေးလိုက်သည် ။ အများကြီးလောင်းရင် ကလေးမှာဆိုတာကြောင့် ဖြစ်သည်။ ကလေးတိုက်တဲ့ဆပ်ပြာကိုယူ၍ သေချာတိုက်ပေးလိုက်သည် ။ ကလေးငယ်ကိုရေချိုးပေးပြီးတော့ ညီဖြစ်သူကိုအော်ရသည်။
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)