အပိုင်း(20)U/Z

6.9K 272 24
                                    

ခုဆို ခက်ရိပ်ဗိုက်လေးက ၉လထဲရောက်နေပီးဖြစ်သည် ။ အောင်ခိုင်တို့်လင်မယားကလည်း မိုးညစဉ်စင်ထားသလို ဘေးအိမ်က ခြံမှာနေကြသည် ။အောင်ခိုင်က မိုးညနှင့်ကိုသက်တို့နဲ့ လယ်လိုက်လုပ်သည်။ ခြံလုပ်ငန်းတွေလည်းကူလုပ်ပေးပေါ့ နှင်းနုလေးကတော့ သဇင်တို့ မိသိမ့်တို့အတူ အိမ်ကအလုပ်တွေကူလူပ်ပေးကြသည်။ ခက်ရိပ်မှာ ဗိုက်တဖြည်းဖြည်းထွက်လာတာမို့ ထိုင်ရ ထိုင်ရလည်းမလွယ်ပါ ဒီကလေးမလေးတွေရှိလို့သာတော်ကာကြသည် ။

မိုးညကတော့ ရန်ဖြစ်တယ်တော့မရှိတော့ပါ အရက်ကတော့သောက်သေးသည်။ ခုလည်း ခက်ရိပ်က ဗိုက်က ၉လထဲလည်းရောက် မမကလည်းမဂ်ဆောင်တော့မှာကြောင့် မြို့ကိုသွားရမှာဖြစ်သည် ။မိသိမ့်နဲ့ နှင်းနုလေးကိုခေါ်၍ သဇင်ကတော့ နေခဲ့ရမည် သူမှာယောကျ်ားနဲ့ သားကရှိသေးသည် ။

" ခင်ဗျားကလည်းဗျာ ကျွန်တော်လည်းလိုက်ချင်တာပေါ့ ... အဲ့ကြောင့်ပြောပါတယ် မွေးဖို့ ၁ ပတ်အလိုမှ သွားမယ်လို့ .."

ဟုတ်ပါတယ် မိုးညကိုလည်း မခေါ်ပါ မွေးဖို့ ၁ပတ်အလိုမှ သူကိုလိုက်လာခဲ့ဖို့​ချော့ပြောနေတာဖြစ်သည် ။အဆိုးလေးက သူရောလိုက်မည် သူမလိုက်ရရင် ခက်ရိပ်ကိုလည်းမသွားဖို့ပြောနေတာဖြစ်သည်။

" မသွားလို့မရဘူးလေ နောက် ၂ရက်နေရင် မမ မဂ်လာဆောင်ရှိသေးတယ်လေ ..."

"အဲ့ကြောင့် ကျွန်တောလည်းလိုက်ခဲ့မယ်လေ ခု ..."

"မဖြစ်နိုင်တာမပြောစမ်းနဲ့ အလုပ်တွေကိုအကြာကြီးပစ်ထားလို့ရမလား မင်းတို့လိုက်လာရင် လူငှားနဲ့ထားခဲ့ရမှာလေ အဲ့ကြလည်း ငှားခတွေ ကုန်အုံးမယ် ... ခုရက်ပိုင်းအလုပ်လည်းများနေတာကို ..သွားခံနီး လာခံနည်း မရစ်ပါနဲ့ ငါယောကျာ်းလေရယ် "

"ခင်ဗျား အမကလည်းခုကြမှ လင်ထယူတာ အလုပ်တွေပြီးမှ ယူပါလား ...."

" မင်းဟာလေ... ဝါဆို လပြည့်ကျော်ရင် ယူမရတော့ဘူးလေ ဝါဆိုလမကျော်ခင်ယူရတာပေါ့ ...."

" လင်မရရင် သေမှာကြနေတာဘဲ နောက်မှယူပေါ့ .."

"ကဲတော်တော့ ကားလာတော့မယ်ထင်တယ် ..ပြန်ရင်ပြန်တော့လေ အရက်တွေအများကြမသောက်နဲ့နော် ရန်လည်းမဖြစ်နဲ့ ..."

My  Partner (Complete )Where stories live. Discover now