အပိုင်း(26)U/Z

6.3K 215 4
                                    

အလုပ်သွားဖို့ပြင်နေတဲ့ မောင့်အနားကို ခက်ရိပ်သွားလိုက်သည်။ လက်ထဲက ထမင်းချိုင့်ကို  ပေးလိုက်တော့  မျက်လုံးတစ်ချက်မကြည့်ဘဲယူသည်။  မနက်မိုးလင်းရင် ယာထဲကိုသွား၏   ညဆိုလည်းမိုးချုပ်မှပြန်ရောက်လာသည်။ ပြန်ရောက်လျှင် ထမင်းစားပြီးတာနဲ့ အခန်းထဲဝင်ခါ အိပ်သည် ။သားနဲ့တောင်အရင်ကလို မဆော့တော့ပါ  ။ခက်ရိပ်ကိုလည်းသူပြောခဲ့သလို ခင်ဗျားအသားကိုမထိဘူး ဆိုတဲ့စကားအတိုင်းမထိသလို စကားလည်းမပြောတော့ပါ ။ဒီလိုလုပ်နေတာ အတော်ကြာနေပီးဖြစ်သည်  ။

" မောင်..."

မထူးပါ  ခက်ရိပ် ပြောတာကိုမကြားသလိုနေသည်  ။ကိုယ်ကမှားခဲ့တဲ့သူမို့   ချော့ရမှာ ခက်ရိပ်တာဝန်ဖြစ်သည်။ ဒီပုံတိုင်းဆို ပိုဆိုးလာလိမ့်မယ်  သားမျက်နှာကရှိသေးသည်။

" မောင် ..ငါတို့စကားအေးစေပြောရအောင်လေ ...."

"ငါကိုစကားပြန်​ပြောပါအုံး  ...ဒီပုံစံတိုင်းဆိုဘယ်လိုအဆင်ပြေမှာလည်း...သားမျက်နှာလည်းကြည့်ပါအုံးမောင်ရယ် ..."

မိုးညတစ်ယောက် စကားလာပြောနေတဲ့သူကြောင့်ဟားတိုက်ပြီးသာ ရီလိုက်ချင်သည်။ သားတွက်ကြည့်ပါအုံးတဲ့     သားတွက်တဲ့ ကိုယ်တွေနှစ်ယောက်ကြားမှာ နောက်ထပ် ရစ်တွယ်ဖို့ကလေးတစ်ယောက်ကိုတောင် ပိတ်ပင်တားစီးခဲ့သူက ကျွန်တော်ကိုသားတွက်ကြည့်ပါအုံးတဲ့  သားကိုမိုးညဘယ်လောက်ချစ်တာ  သူအသိဆုံးဖြစ်သည်။  မိုးညပြောခဲ့သလို သူအသားကိုလည်းမထိတော့အမှန်  သားဆိုတဲ့ မျက်နှာတစ်ခုကြောင့် ကိုယ်ဘာသာ နေတက်သလိုနေသည် ။အဆင်မပြေအောင်သူဘဲလုပ်ခဲ့ပြီးတော့ ခုမှကိုယ်အပစ်လို့ဖြစ်နေသည်။

" ညမှပြောတာပေါ့ ...."

"ဟုတ်ပြီးမောင်....စောစောပြန်ခဲ့နော်  ..ငါစောင့်နေမယ် ..."         

" အင်း..."

ထွက်သွားတဲ့ကျောပြင်ကိုကြည့်၍  သက်ပြင်းချမိသည်  ။ကလေးတစ်ယောက်အဖေက ရင်ကျက်မူမရှိသေးဘူးဘဲ  ဒါတောင် နောက်တစ်ယောက်မယူပေးလို့ စိတ်ဆိုးနေတာဖြစ်သည်။မောင်ရဲ့ဆိုးပုံကိုတော့ ခက်ရိပ် လက်မြောက်အရှုံးပေးပါသည်  ။

My  Partner (Complete )Where stories live. Discover now