နောက်တစ်နေ့မနက် ခက်ရိပ်နိုးလာတော့ ညကငိုထားတဲ့အရှိန်ကြောင့် မျက်လုံးတွေမို့အစ်၍ ခေါင်းတွေကိုက်နေတော့သည်။ ခက်ရိပ် ဗိုက်လေးကို ညင်သာစွာ ပွတ်ခါ အများကြီးကြိုးစားပေးမယ်နော် ကလေးငယ် ဖေဖေက အကောင်းဆုံးဖြစ်အောင်ကြိုးစားပေးမှာမို့ ဘာမှမကြောက်ဘဲ လူလောကထဲကိုကောင်းမွန်စွာ ဝင်လာပေးနော်။
ခက်ရိပ်မှာ ကလေးတွက်တွေးနေတုန်း သူညက ပြောခဲ့တဲ့စကားကိုပြန်ကြားလာယောင်လာသည် ။ကလေးရှိနေလို့တဲ့ ဘယ်တုန်းက ကလေးတွက်တွေးခဲ့လို့လည်း သူဒေါသဖြင့်နေတဲ့ချိန် ကလေးရှိတာကိိုသိရက် နဲ့ တွန်းပစ်ခဲ့တာဖြစ်သည်။ခက်ရိပ်ကသူပေါ်ဘာတွေမကောင်းခဲ့လို့လည်း ဗိုက်ဆာရင်တောင် သူပြန်လာတဲ့ချိန်ထိ ထိုင်စောင့်နေခဲ့ရသည်။ သူရန်ဖြစ်လို ထိခိုက်လာပြီးဆိုလည်း ခက်ရိပ်ကဘဲ ရင်တွေနာခဲ့ရတာဖြစ်သည်။ သူပေါ်ကို ကိုယ်လောက် စေတနာထားပေးတာကို တွေးကြည့်လေ ခံစားရလေသည် ။တကယ်ဆို ကွဲမယ် ၊ မိန်းမယူမယ်ဆိုတဲ့စကားကိုမထွက်သင့်ဘူး မောင့်က တကယ်ရက်စက်ပါသည် ။
ခက်ရိပ်ထက်ပြီးငိုနေလို့မဖြင့်တာကြောင့် အိမ်ယာကထ၍ မျက်နှာသစ်သွားတိုက်ခါ အောက်ကိုဆင်းလာလိုက်သည်။ ခက်ရိပ်အောက်ကိုဆင်းလာတော့ အပြင်သွားဖို့ပြင်နေကြသူတွေကိုမေးလိုက်သည်။
" ဒေါ်လေးဘယ်လည်း..."
" ဒေါ်လေးတို့စျေးသွားမို့...."
"ကျွန်တော်ရောလိုက်ခဲ့မယ် ဒေါ်လေး ဘယ်သူတွေပါသေးလည်း ...."
"မိသိမ့်နဲ့နှင်းနုဘဲ လိုက်မှာ မင်းရောဆို ၄ယောက်ပေါ့ သွားကြမယ်လေ အဲ့ဆိုလည်း ..."
"ဟုတ်အဲ့ဆိုခဏလေနော်ဒေါ်လေး ...မိသိမ့် အပေါ်ထက်က ကိုကြီးအခန်းထဲက ပိုက်ဆံအိတ်လေးယူပေးပါအုံး ...."
"ဟုတ် ..."
မိသိမ့်လည်း အပေါ်ကိုတက်လာ၍ အခန်းထဲကိုရောက်တော့ မျက်လုံးကိုဝေ့ရှာတော့ ပိုက်ဆံအိတ်က ခုန်ပေါ်မှာရှိနေတာကြောင့် အနားကိုသွား၍ ယူလိုက်သည် ။ အိတ်ကိုယူမယ်လုပ်တော့အိတ်ဘေးမှာထားတာတဲ့ ဖုန်းက လာနေတာဖြင့်သည် ။အသံက တိုးထားတာကြောင့် ဖုန်းသံကိုမကြားရပါ။ content ကိုကြည့်လိုက်တော့ မောင် 💙 တဲ့
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)