ဒေါသဖြစ်နေသောသူကိုကြည့်၍ ခက်ရိပ်မှာလည်း ဘာမှမပြောရဲပါ တော်ကြာကိုယ်ဘက် မဲလှည့်လာမှာဆိုးရသည်။
" လီးဘဲ ငါလိုးမသား သူကြက်ဘာသာ သူကြက်မကောင်လို့ရှုံးတာကို ငါသားကိုလာပြောနေတာ သေအောင်သတ်ပစ်ရမှာ "
မိုးညမကျေနပ်နိုင်သေးဘူးထိုကောင်အရင်စထိုးတာကို ဘယ်သူမှမမြင်ကြပါ။ မိုးညလုပ်တာကိုသာ လူတွေကမြင်ကြတာပင် ဒီချိန်ဆိုဟိုကောင်သေချိန်ရောက်နေသင့်ပြီး ဒီလူကြောင့်မို့ ဘာကိစ္စလိုက်လာတယ်မသိဘူး။
" ခင်ဗျား နောက်တစ်ခလိုက်မလာနဲ့နော် ခင်ဗျားကိုသတ်မိလိမ့်မယ် ကျုပ်ဒေါသတွေထိန်းမရဘူးသိလား.. "
" ငါကစိုးရိပ်လို့ပါ ...မင်းကရန်ဖြစ်နေတာဆိုတော့ မင်းတခြားသူကိုသတ်လိုက်ရင် ငါကဘယ်လိုလုပ်ရမှာလည်း... "
" ဒီရွာက နောက်လင်ရှာယူလိုက်..."
" ဟင် မဟုတ်ဘူးလေ ...ငါအဲ့လို..."
"ဟုတ်တယ်တွေမဟုတ်ဘူးတွေနောက်မှထား ဗိုက်ဆာတယ် ထမင်းဟင်းကျက်ရဲ့လား"
"အွန်း ကျက်တယ် "
"ခူးပေး ခင်ဗျားရောစားရမှာနော်... "
ခက်ရိပ်လည်း ကိုယ်တော်ချောက ဗိုက်ဆာတယ်ဆိုတာနဲ့ ထမင်းထခူးပေးလိုက်သည် ။ ထမင်းခူးပြီးတော့ ထိုင်နေသည့် ယောက်ျားကိုကြည့်၍ စိတ်မကောင်းပါ လက်ကနာနေတော့မှာသေချာသည်။
"လာ.. စားလို့ရပြီး ..စားနိုင်ရဲ့လား လက်က.. "
" သေတော့မသေပါဘူး .. နာတော့နာတယ်... "
"ပြီးကြ ဆေးထည့်ပေးမယ်.. မျက်နှာတွေရော.. ခုထမင်းကခွံ့ကြွေးမယ်လေ ..ရလား "
"အွန်း အဲ့လိုကြွေး ... "
မိုးညလည်းသူကိုထမင်းခွံ့ကြွေးနေတဲ့သူကိုသေချာကြည့်လိုက်တော့ ကိုယ်ကြည့်နေတယ်ဆိုတာကိုသူမသိပါ။ ထမင်းကြွေးတာကိုသာ အာရုံရောက်နေသည်။
" ကျွန်တော် ထမင်းမစားချင်တော့ဘူး တခြားဟာဘဲပြောင်းစားတော့မယ်... "
"ဟင် ဘာစားချင်တာလည်း .. နေမကောင်းလို့လား "
ခက်ရိပ်မှာထမင်းကြွေးနေတုန်း ထမင်းဆက်မစားချင်တော့ဘူးလို့ပြောလာသူကြောင့် စိုးရိမ်သွားရသည် ။ နေမကောင်းတာလာလို့ နဖူးကို စမ်းသပ်ကြည့်လိုက်တော့လည်း ကိုယ်တော့မပူပါ ။
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)