ခက်ရိပ်မှာ မထချင်ထချင်နဲ့ထရသည်။ ခဏနေရင် အောင်ခိုင်တို့လင်မယားက လာခေါ်မှာဖြစ်သည်။ ရေချိုးရမှာကြောင့် ထလိုက်သည်။ ညတုန်းက ဒင်းကြောင့် မချိုးလိုက်ရပါ။
ခက်ရိပ်လည်း ရေချိုးခန်းထဲဝင်လာ၍ ရေချိုးလိုက်သည်။ ပြန်ထွက်လာတော့ ယောက်ျားဖြစ်သူက အိပ်နေတုန်းမို့ အိပ်ယာနားသွား၍ နိုးရသည်။
" မိုးည မိုးညရေ .... ထထ ..ထတော့ ခဏနေရင်လာခေါ်တော့မှာကို ရေလည်းချိုးရအုံးမှာလေ "
"အွန်း ....."
"အွန်းဆိုပြီး ပြန်မအိပ်နဲ့လေကွာ ... ထပါတော့ဆိုနေ မင်းကလည်း "
မိုးညမှာ အိပ်ကောင်းကောင်းနဲ့အိပ်နေတုန်း ဘေးကနေ လာနိုးနေတဲ့သူရဲ့လက်ကိုဆွဲလိုက်၍ ဖတ်ထားလိုက်သည်။
ခက်ရိပ်မှာသူနိုးနေတာကိုမထဘဲ သူကိုအိပ်ယာထဲဆွဲချလိုက်သူကြောင့် ပြောရတော့သည်။
"ဘာလို့ဆွဲချတာလည်း ..."
"ပြန်အိပ်ရအောင် .."
"ဟင့်အင်း ရေချိုးပြီးပြီး မျက်လုံးလေလည်းဖွင့်ကြည့်အုံး "
မိုးညလည်းမျက်လုံးဖွင့်ကြည့်လိုက်ရော အက်ျီတောင်မဝတ်ရသေးပါ။ ခေါင်းကလည်းလျော်ထားတော့ ရေတွေကသူမျက်နှာပေါ်စီးကျနေတာ မျက်လုံးဘေးကမဲ့နက်လေးကလည်းပါတော့ ကြည့်ကောင်းလှသည်။ နုတ်ခမ်းလေးက ဖူးဖူးလေးနဲ့ နမ်းချင်စရာလေးမို့ သူနုတ်ခမ်းနား ကပ်၍ နမ်းရန် ကြိုးစားလိုက်သညည် ။သို့သော်
ခက်ရိပ်မှာ သူကိုနမ်းမယ်လုပ်နေတဲ့သူကြောင့် မျက်လုံးလေ မှိတ်လိုက်သည်။ နုတ်ခမ်းနားရောက်ခံနီးမှာ ရင်ဘတ်ထဲကလေတွေ ထိုးတက်၍ အန်ချင်လာတာမို့ လက်ကိုအုပ်၍ ရေချိုးခန်းထဲ ပြေးပီးထိုးအန်ရသည်။ ရေမချိုးခင်ကတဲ့က ရင်ပြည့်သလိုကြီးဖြစ်နေတာဖြစ်သည်။
မိုးညမှာ နမ်းတော့မယ်လုပ်မှ လက်ကြီးအုပ်၍ ရေချိုးခန်းထဲပြေးဝင်သွားသူကြောင့် ကျစ်စုတ်၍ နောက်ကလိုက်ရသည်။ဘာဖြစ်တယ်မသိဘူး အရှိန်ပြက်ပါသည်။
" ဘာဖြစ်တာလည်း ..."
"အန်ချင်လို့ ရင်ပြည့်တာထင်တယ် ."
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)