မိသိမ့်တို့ သဇင်တို့ပြန်သွားတာကို နာရီဝတ်ပြည့်တော့မည်။ မိုးည ကယခုထိပြန်ရောက်မလာသေးပါ။ ခက်ရိပ်ကိုမေ့နေတာ ထင်ပါ၏။ ဗိုက်ကလည်း အချိန်တန်တာထပ်ကိုကျော်လွန်နေပြီးဖြစ်တာကြောင့် ဆန္ဒပြနေပြီးဖြစ်သည်။
သူပြန်မလာသေးတော့ အိမ်မှာ ခက်ရိပ်တစ်ယောက်ထဲပင် ဖြစ်တာကြောင့် ပျင်းနေရပါသည်။ မိုးညပြန်မလားသေးသောကြောင့် အိပ်၍ စောင့်မယ်ဆိုပြီး တွေးနေသောအချိန်
" ခက်ရိပ်လေးရေ ...."
"ဟင် "
လူကအထဲမရောက်သေးဘူးအသံကကြားရပြီးဖြစ်သောကြောင့် ဒီယောကျာ်းနဲ့တော့ ဘယ်လိုနှစ်ပါးသွားရမလည်းဟု အတွေးတွေးဝင်ရောက်လာပါသည်။ ဟော် ဝင်လာပြန်တော့လည်း ယိုင်တိုင်တိုင်နဲ့ပင်ဖြစ်၏။ ခက်ရိပ်ထိုင်နေသည့်ဘေးနားလာထိုင်၍ ခါးကိုဆွဲဖတ်တာကြောင့်လန့်သွားရသည်။
" အရက်တွေသောက်လာတာလား သောက်တက်တယ်ပေါ့လေးမင်းက.. ငါဗိုက်ဆာနေတာရောသိရဲ့လား ... ငါကိုခေါ်လာပြီတော့ ငတ်ငတ်ဆိုပြီး ပစ်ထားတာမင်းကြသွားချင်ရာသွားတယ် ... ငါတစ်ယောက်ထဲဆိုတာသိရဲ့လား အရူးကောင်ရဲ့... "
" ခင်ဗျားကလည်း ဗျာ ..ကိုယ်ယောကျာ်းကို အရူးကောင်တဲ့ ပြီးတော့ကွာ ဖြေးဖြေးမေးပါ ကျူပ်ပြောမှာပေါ့ မောနေတော့မှာဘဲ ထထရေသွားသောက်လိုက်... "
"ဘာ... ငါပြောတာကအရေးမပါဘူးလား ဟုတ်မှာပါလေ ငါကိုချစ်လို့ယူထားတာမှမဟုတ်တာ ဖယ်လွတ်တော့ မဖတ်နဲ့ငါကို ... "
" ဟော်ဗျာ ကိုယ်ယောကျာ်းကိုဖတ်တာဘဲ ဖတ်ယုံဘဲမကဘူး ပြီးကြဟိုဒင်းပါ... လုပ်မှာစိတ်ချ... "
"ဟင် လွတ်တော့ ဗိုက်ဆာတယ် ဘာမှလည်းမရှိဘူး .. အိမ်ကလည်းရူပ်ပွနေတာဘဲ မနက်ဖြန်ကြသေချာရှင်းရမယ်... လိုအပ်တာတွေလည်းဝယ်ရအုံးမယ် မိသိမ့်ကိုလိုက်ပို့ခိုင်းရမှာဘဲ တော်သေးတယ် ပိုက်ဆံလေးပါလားလို့..."
" ကျွန်တော်ပြောတာနားလည်းလားလို့ ပြီးကြ ဟိုဒင်းလုပ်မှာနော် ....အဲ့စျေးဝယ်တာနောက်မှထား လက်ခံတယ်မလား ... "
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)