" ဒီလိုလေး အကိုမိုးညကလည်း ညီမရှင်းပြမယ် အု အု ...."
နှင်းနုမှာတော့ အဆင်မြင်လျှင် လင်ပေးစားချင်တဲစိတ်ရှိတာကြောင့် ကိုကိုသူငယ်ချင်းဖြစ်သူ အကိုမိုးညကိုမြင်ပြီး အကြံရမိသည်။ အရပ်ရှည်ပြီး အသားညိုနေသော အကိုမိုးညက မိမိုက်နေတာကြောင့် seme type လေးမို့ လင်ပေးစားချင်မိပါသည်။
ထို့ကြောင့် ပါးစပ်ကပါ ထုတ်၍ ပြောမိပါသည်။နှင်းနု အပြောကို နားမလည်းသော အကိုမိုးညက မေးလာသည်။ အားကျိုးမာန်တက် ရှင်းပြမဲ့ချိန်တွင် ပါးစပ်ကိုလာပိတ်သော ခင်ပွန်းလောင်းဖြစ်သူကိုနားမလည်းနိုင်ပါ။ ဟိုကနားမလည်းလို့မေးတာကို ရှင်းပြမည်အချိန်တွင် ပါးစပ်ကိုလာပိတ်သော တရားခန်းဖြစ်သူကို လာတားရမလားဟူ၍ မျက်စောင်းထိုးလိုက်သည်။
" ဘာမှမဟုတ်ဘူးထားလိုက်တော့... "
အောင်ခိုင်စိတ်ထဲတော့ ငါမိန်းမလေးက ဇွတ်ပင် ဟိုကကြိုက်မှန်းမသိ မကြိုက်မှန်းသိ သူပြောချင်တာပဲသိသည်။ သူကိုတားတာကို မကျေနပ်သော ပုံဖြင့် ကြည့်လာသောကြောင့် ခပ်လန့်လန့်ဖြစ်ရသည်။ဒီကြားထဲ မိုးညဆိုတဲ့ကောင်ကလည်း သူကိုလင်ပေးစားချင်တာမသိပဲမေးချင်တာသာသိသည်။
" ဟွန့် ..."
မျက်စောင်းထိုး၍ စိတ်ဆိုးခါ ထွက်သွားတဲ့ သူမိန်းမကိုကြည့်၍ အောင်ခိုင်တစ်ယောက် သက်ပြင်းသားချလိုက်တော့သည်။ ငယ်သူပီပြင်စွာ အောင်ခိုင် ပေါ်ကို စိတ်ဆိုးစိတ်ကောက်တာဟာ အမြဲဖြစ်သည်။ ထို့ကြောင့် ချော့ဖို့ရာအတွက် မိုးည ပုခုံးအားဖတ်၍ သွားဖို့ ပြောလိုက်သည်။
" လာ မိုးညသွားမယ်..ငါကားနားကို "
" အေး... မင်းမိန်းမကဘာဖြစ်သွားတာလည်း...."
မိုးညမှာတော့ အောင်ခိုင်မိန်းမလေးက ဘာပြောမှာလည်းလို့ နားစိုက်နေသောအချိန် သူတောင်းစားက မပြောခိုင်းတာကြောင့် နည်းနည်းစိတ်တိုသွားရသည်။ သူမိန်းမကလည်း ပြောချင်တာ မပြောရလို့ စိတ်ဆိုးခါထွက်သွားတာကြောင့် ဝမ်းသားတယ်ဟု စိတ်ထဲမှာ ပျော်နေမိပါသည်။
" ဘာဖြစ်ရမှာလည်းကွာ .. သူပြောချင်တာမပြောရလို့လေ.. "
" သူပြောချင်တာပြောပါစေပေါ့... မင်းမယူရသေးတာကို ချူပ်ခြယ်နေတာ ...အဲ့လိုလုပ်တိုင်း ကောင်းတာမဟုတ်ဘူးနော်... ဟိုကပြစ်သွားမှ ရွာမှလာမငိုပြနဲ့ ..."
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)