မိုးည ကိုယ်အရှေ့မှာထိုင်နေတဲ့သူကိုကြည့်၍ဘာပြောရမယ်ကိုမသိတော့ပါ။ မနေ့ကတဲ့က ကိုယ်နဲ့ကွဲမယ်ကိုပဲပြော၍ ဟိုကိုပြန်မယ်သာပြောသည်။ ခုလည်းမနည်းခေါ်လာရတာဖြစ်၏ နှစ်ယောက်ထဲစကားအေးစေပြောကြည့်ရန်ဖြစ်သည်။ ဒါတောင်မလိုက်ချင်ဘူးပြောနေတာ ဒေါ်ကြီးတို့ကဝိုင်းပြောပေးမှသာ လိုက်လာတာဖြစ်သည်။
" မင်းဘာမှမပြောဘူးဆို ငါပြန်တော့မယ် "
" ဘယ်ပြန်မှာလည်း .. ခင်ဗျားရာ.. ဒါကမှခင်ဗျားအိမ်လေ "
" ဒါငါအိမ်မဟုတ်ဘူး မင်းအိမ် "
" ကျွန်တော်ကခင်ဗျားယောက်ျားလေဗျာ ကျွန်တော်အိမ်ဆိုမှတော့ ခင်ဗျားအိမ်လည်းဟုတ်တယ်လေ"
" မင်းကနောက်ကြရင် ငါယောက်ျားမဟုတ်တော့ဘူး ငါဟိုကိုပြန်မယ် မင်းကိုငါနဲ့ကွဲပေးဖို့ပြောနေတာလေ "
" ကျွန်တော်မကွဲပေးနိုင်ဘူးလို့ ဟိုကိုပြန်ရင်လည်းခင်ဗျားအဒေါ်ကပြန်လက်ခံမှာလား "
"ငါဘာသာဟိုရောက်ရင်ကြည့်နေလို့ရတယ် အဲ့တွက်မပူနဲ့ ငါကိုသာကွာပေး "
" ခင်ဗျားမဟုတ်တော့ဘုး မနေ့ကတဲ့က ကွဲပေးပြောနေတာ အဲ့လောက်တောင်ကွဲချင်တာလား စိတ်ဆိုးနေတုန်းမို့ ကျွန်တော်နဲ့တူတူမနေချင်တာလား အဲ့ဆိုလည်းရတယ် ကျွန်တော်ပြန်မလားဘူး ခင်ဗျားစိတ်ဆိုးပြေမှပြန်လာမယ် "
"ရတယ်မလိုဘူး "
" ဘာဖြစ်တယ်ဆိုတာခင်ဗျားပြောအုံးလေ ကျွန်တော်က အများကြီးတောင်းပန်းတာမို့ ဝေးရမဲ့အကြောင်တွေမပြောပါနဲ့ ကျွန်တော်ကဒီလိုတောင်းပန်းပါတယ်ဗျာ "
ခက်ရိပ်မှာသူကိုတောင်းပန်းတယ်ဆို၍ ဒူးထောက်ထိုင်ချလိုက်တဲ့သူကြောင့်လန့်သွားရသည်။သူလည်းသူကောင်မလေးနဲ့သူဖြစ်နေပြီးကို ခက်ရိပ်ကဘာလို့လိုနေအုံးမှာလည်း အဲ့ကြောင့်ကွဲမယ်ပြောတာဖြစ်သည်။ သူတို့ပိုလွတ်လပ်အောင်မလို့ စေတနာနဲ့ထွက်သွားပေးမှာကိုမသိတာလား။ ခက်ရိပ်လည်းမဝေးချင်ပါဘူး။
" ကျွန်တော်ဒီလောက်တောင်းပန်းတာတောင် ခွင့်မလွတ်နိုင်ဘူးလာ ပါးလေတစ်ချက်ရိုက်မိတာပါဗျာ အဲ့လောက်တောင်ပြက်သာနိုင်ရတာလည်း တူတူနေလာတဲ့အချိန်တွေက စောက်ရေးမပါဘူးလား ဟိုလိုနေခဲ့တာတွေလည်းမေ့လိုက်နိုင်တာလား ခင်ဗျားရာ ပြန်ပြောပါအုံး "
YOU ARE READING
My Partner (Complete )
Romanceမိုးညလင်း+ ဒီခက်ရိပ် ( မိဘတွေမရှိတော့တဲ့အချိန်ကစ၍ အဒေါ်တို့နဲ့နေတဲ့ ခက်ရိပ်နဲ့ တောကနေ သူငယ်ချင်းမဂ်လာဆောင်ကိုလာတဲ့ မိုးညတို့ မှားယွင်းပီး မတော်တဆယူလိုက်ရတဲ့အခါ ဘယ်လိုတွေ ဖြတ်သန်းရမလည်း)