Part-1

15.4K 441 3
                                    

ရူးနေကြပြီ..
တစ်ကယ်ကိုရူးနေကြပြီ..

အဓိပ္ပာယ်မရှိလိုက်တာ..
‌အဖေတို့ဘာတွေပြောနေကြတာလဲ..

ဘာလို့..ဘာလို့သမီးက..

"မိန်းကလေးတစ်ယောက်ကိုလက်ထပ်ရမှာလဲ!!"

အတွေးများကို အော်ထုတ်ကာ ပြောမိတော့ မျက်စိရှေ့က အဖေနဲ့အမေက ထိတ်သွားတဲ့အကြည့်တွေနဲ့။

မျက်နှာထက်က ဝမ်းနည်းရိပ်ကိုဖမ်းမိတဲ့အခါ သူမပိုပြီး နားမလည်နိုင်ဖြစ်ရတယ်။

"ဟမ်..ပြောပါအုံး..ဘာလို့သမီးကိုအဲ့လိုလုပ်ရက်ကြတာလဲ..ပြောပါအုံး"

သူမနှင့် ‌မျက်လုံးချင်းဆုံပြီးတောင် မကြည့်နိုင်ရှာတဲ့ မိဘနှစ်ပါးကို ကြည့်ရင်း ရင်ထဲမွန်းကြပ်လာရသည်။

"အမေတို့လည်း မတတ်သာလို့ပါသမီးရယ်"
"နားလည်ပေးပါ"

ထိုသို့ပြောတဲ့ အမေကခေါင်းကိုမော့မလာ။
အဖေကတော့ ခေါင်းညိတ်လျက်သာ အမေ့စကားကိုထောက်ခံသည်။

သူမ ခြောက်‌ကပ်ကပ်လေသံဖြင့် ရယ်ချလိုက်ပြီး ကျလုဆဲဆဲမျက်ရည်တွေကို လက်ခုံနဲ့ အကြမ်းပတမ်း သုတ်ပစ်လိုက်တယ်။

"မတတ်သာတာကိုနားလည်ပါတယ်"
"သမီးနားမလည်တာက ဘာလို့ မိန်းကလေးဖြစ်နေတာလဲဆိုတာပဲ"

တိတ်နေကြပြန်ပြီ..
မဖြေနိုင်ဘူးဖြစ်နေပြီမလား..

လုပ်ရက်လိုက်တာအမေတို့ရယ်..
လုပ်ရက်လိုက်တာ..

အတွေးထဲစကားပြောနေမိတုန်း..
ရုတ်တရက် အဖေထပြောတဲ့စကားက
သူမကိုပါးရိုက်လိုက်သလိုပင်။

"ရတီခ"
"သမီးမနက်ဖြန်ကစပြီး သူ့အိမ်မှာသွားနေရမယ်"

မျက်ရည်တွေကို ချုပ်တည်းထားရတာ
သိပ်တော့အဆင်မပြေလှပါဘူး။

ဒီလိုမှမလုပ်ရင် အခြားနည်းလမ်းမရှိတာကို‌လည်းနားလည်ပါတယ်။

နားလည်လို့လည်း ‌မငြင်းနိုင်ခဲ့ဘူး။

မကျေနပ်ချက်ကိုတော့ ‌အော်ပြောပြီး ပေါက်ကွဲလိုက်မိတယ်။

မကျေနပ်လို့လည်း ဘာမှထူးခြားမသွားပါဘူး။

မိဘတွေကျေးဇူးနဲ့ သူမဘဝ‌ အရမ်းပျော်ဖို့ကောင်းတော့မှာကိုတွေးပြီး ‌ပျော်တော့ပျော်မိသား။(ရွဲ့တာ)

Obsessive LoveWhere stories live. Discover now